သမီးလေးတွေ အားကျအတုယူစရာ စံပြမေမေဖြစ်လာတဲ့ စမိုင်းလ်

Posted on

စမိုင်းလ်ကတော့ အနုပညာအလုပ်တွေသိပ်မလုပ်တော့ပေမဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကိုတော့ ကောင်းကောင်းကြီးရရှိထားတာပါ။ စမိုင်းလ်ကတော့ မိသားစုဖြစ်သူနဲ့အတူပျော်ရွှင်စရာတွေ အလှူအတန်းတွေကို လုပ်လေ့ရှိပြီး ပရိသတ်တွေကိုလည်း ကံစမ်းမဲတွေဖောက်ပေးတာတွေသာမက အဓိဌာန်အစီအစဉ်တွေကိုတောင်မှ အတူတူလုပ်လေ့ရှိတာပါ။


ဒီလိုအားကျစရာဘဝနေထိုင်မှုပုံစံတွေကြောင့် လေးစားအားကျခံနေရတဲ့ စမိုင်းလ်ကတော့ သမီးလေးတွေရဲ့စံပြမေမေတစ်ယောက်ဖြစ်နေပုံပါပဲ။ စမိုင်းလ်ကတော့ မယ်သီလရှင်ဝတ်နေတာဖြစ်ပြီး အခြားသူတွေကလေးစားရတဲ့ ဒီအပြုအမူအပေါ် သမီးဖြစ်သူတွေက အားကျအတုယူလာတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကို “အကျေနပ်ဆုံးစကားကတော့ သမီးတွေက တစ်နေ့ကျရင်သူတို့လည်းမာမီလို သီလရှင်ဝတ်မယ်တဲ့ ဂတုံးနဲ့မလှလည်းအတုဝတ်အိပ်မယ်တဲ့”ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားတာပါ။


သာသနာ့အရိပ်မှာစိတ်အေးအေးချမ်းချမ်းနဲ့တရားအားထုတ်ဖို့ဆိုတာ လူတိုင်းအတွက်တော့ မလွယ်ကူလှပါဘူး။ စမိုင်းလ်ကတော့ မယ်သီလရှင်အဖြစ် သာသနာ့ဘောင်မှာ တရားအားထုတ်နေတာ တကယ့်ကိုလေစားစရာပါ။ ဒါကြောင့်လည်း သမီးလေးတွေအတွက် စံပြမေမေဖြစ်နေတဲ့ပုံပါပဲ…
Source : စမိုင်းလ် Smile