ကျေးဇူးရှိဖူးတဲ့ အကိုတစ်ယောက်ရဲ့ မွေးနေ့အတွက် မွေးနေ့အလှူလေးပြုလုပ်ပေးခဲ့တဲ့ ဆောင်းယွန်းစံ

Posted on

ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဆောင်းယွန်းစံကတော့ အလှူအတန်းတွေကို ရက်ရောစွာနဲ့ လှူဒါန်းတတ်ပြီး စေတနာသဒ္ဓါတရားထက်သန်လွန်းလှတဲ့ သူတစ်ယောက်ပါ။

အလှူအတန်းရက်ရောလှတဲ့ ဆောင်းယွန်းစံကတော့ မနေ့က ဇူလိုင်လ (၂)ရက်နေ့မှာ မွန်မြတ်လှတဲ့ ကောင်းမှုလေးတွေပြုလုပ်ခဲ့ပါတယ်။ အလှူလေးပြုလုပ်ခဲ့ကြောင်း “၂.၇.၂၀၂၂ မွေးနေ့အလှူလေး..ဆောင်းယွန်းရဲ့ ကျေးဇူးရှင် အကိုရဲ့ မွေးနေ့မှာ နဂါးရုံဘုရားသိမ်ဆင်းမယ့်သံဃာတော် ၄၅ ပါးအတွက် နဝကမ္မအလှူငွေ လှုဒါန်းခဲ့ပါတယ်.. လမ်းဘေးလေလွင့်ခွေးလေးတွေကိုလဲ အစာကျွေးကုသိုလ်ယူခဲ့ပါတယ် .. အောင်ရာဇာပရဟိတစာသင်တိုက်မှာလဲ ကိုရင်နှင့် သီလရှင်လေးတွေကိုလဲ နဝကမ္မ အလှူငွေလှူဒါန်းခဲ့ပါတယ် ဆောင်းယွန်းပြုလုပ်တဲ့ကောင်းမူ့ကုသိုလ်ကြောင့် မွေးနေ့ရှင် အကို သက်ရှည်ကျန်းမာပါစေ အေးချမ်းပါစေ ပျော်ရွှင်ပါစေ လှူချင်စိတ်ရှိတိုင်းလှူဒါန်းနိုင်သောသူ ဖြစ်ပါစေ..

ဆောင်းလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမူ့ကို အားလုံးကို အမျှပေးပါတယ်…ဤသို့လှူဒါန်းရသောအကျိုးကြောင့် ဒီနေ့မွေးနေ့မှာ ကျရောက်တဲ့ ဆောင်းအကိုရော ပါဝင်ကူညီကျတဲ့ သူအားလုံးရော သက်ရှိသက်မဲ့ သတ္တဝါအားလုံး ကျန်းမာချမ်းသာလိုတိုင်းတရပါစေ.. သက်ရှည်ကျန်းမာပါစေ.” ဆိုပြီး ပရိသတ်တွေလည်း ထပ်တူရရှိစေဖို့ မျှဝေထားခဲ့ပါသေးတယ် CeleGabar ပရိသတ်ကြီးရေ။

Source – Saung Yoon San
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Saung Yoon San
Chilli – CeleGabar