ဒါရိုက်တာညိုမင်းလွင်ကို အကြီးအကျယ်ဆေးထိုးလိုက်တဲ့ ကိုပေါက်

Posted on

ဟာသ Tik Tok တွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိနေသူ ကိုပေါက်ကတော့ ကိုဗစ်ကာလစတင်ကတည်းက ယနေ့အချိန်ထိ နေ့စဉ်ရက်ဆက်ဆိုသလို မတူညီတဲ့ဟာသ Tik Tok တွေမျိုးစုံချပြနေသူပါ။ သူ့ရဲ့ Tik Tok တွေထဲမှာတော့ အနုပညာရှင်အချင်းချင်းဆေးထိုးတဲ့ Tik Tok တွေကို ပရိသတ်တွေပိုလို့ သဘောကျတယ်လို့ ဆိုရမှာပါ။

ဒီတစ်ခေါက်မှာလည်း ကိုပေါက်ကတော့ ရုပ်ရှင်ဇာတ်ကားကောင်းများစွာကို ထုတ်ဝေခဲ့တဲ့ Bo Bo Production က ကိုဘိုဆန်းနဲ့ ဒါရိုက်တာညိုမင်းလွင်တို့ကို ဆေးထိုးထားတဲ့ Tik Tok ဗွီဒီယိုလေးကိုမျှဝေခဲ့ပါတယ်။ ဒါရိုက်တာညိုမင်းလွင်ကတော့ ဟိုးအရင်တကည်းက ပရိသတ်အတွက် ထူးခြားတဲ့ဇာတ်အိမ်နဲ့ ဇာတ်ကားကောင်းတွေကို မျှဝေပေးလေ့ရှိသူဖြစ်ပြီး မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ “မြမြ” ဇာတ်ကားဟာဆိုရင်လည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့ပါသေးတယ်။

“မြမြ” နဲ့ ဒါရိုက်တာညိုမင်းလွင်ကတော့ ခွဲခြားလို့မရအောင် အောင်မြင်ခဲ့တာဖြစ်ပြီး ကိုပေါက်ကတော့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ညိုမင်းလွင်ကို မြမြဇာတ်ကားနဲ့ပတ်သက်ပြီး ဆေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။ ဆေးထိုးကျွမ်းကျင်ရုံသာမက ဟာသ Tik Tok မှာလည်း ဆရာတစ်ဆူလို့ပြောလို့ရတဲ့ကိုပေါက်ကတော့ ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေကို ဘယ်လိုအူတက်အောင်လုပ်ထားသလဲ သိနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Aung Min Naing
Rainbow- Cele Gabar