CeleGabar ပရိသတ်ကြီးရေ အနုပညာလောကရဲ့လူပျိုမင်းသာကြီးတစ်လက်ဖြစ်တဲ့ ခန့်စည်သူကိုတော့ လူတိုင်းချစ်ခင်ကြပါတယ်။အလှူအတန်းလည်းရက်ရောကာ တတ်နိုင်သမျှအလှူတွေကိုတျောက်လျောက်ပြုလုပ်လျက်ရှိတဲ့သူပါ။


ဒီနေ့မှာလည်း”တိုင်းရင်းသား ကိုရင်လေးများနှင့် သီလရှင်ဆရာလေးများ စုစည်းရာ အောင်ရာဇာ ပရဟိတစာသင်တိုက်သို့ သွန် -၁၀ ပိဿာ၊ခေါက်ဆွဲခြောက်ထုပ်များ၊ဟင်းခတ်မှုန့်များ၊ရွှေတောင်ခေါက်ဆွဲခြောက်အနှစ်ထုပ်များ၊Mask ၊ဆေးဝါး၊ဓါတ်ဆားထုပ်များနှင့်
-စစ်ရှောင်ပြည်သူများအတွက် ကျား/မ၊ကလေးဝတ် အဝတ်အထည် (၈၀၀)ကျော်တို့ကို လှူဒါန်းခဲ့ကြပါတယ်။


ပဓါန နာယက ဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် နဝကမ္မ အလှူတော်ငွေများကိုလည်း ဆက်ကပ်လှူဒါန်း၍ မိုးရာသီအတွက် သစ်ပင်၊စားပင်များကိုစိုက်ပျိုး ကုသိုလ်ယူခဲ့ကြပါတယ်။ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များလည်း ကျန်းမာ၊ချမ်းသာ ကောင်းကျိုး၊လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
လှူဒါန်းမှု အစုစုတို့အတွက် (၇) ရက်သား၊သမီးအပေါင်း သူတော်ကောင်းများအား ကုသိုလ်မျှဝေပါတယ်။သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေခင်ဗျာ။🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ကျောင်းမှာ မပြည့်မစုံ ဖြစ်နေပါသဖြင့် စေတနာရှင်များမှ လှူဒါန်းလိုပါက…ဆရာတော် ဥူးသောဘန(၀၉)၄၂၀၀၃ ၂၁၈၂
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့ သို့ဆက်သွယ်၍ တိုက်ရိုက်ကုသိုလ်ယူ လှူဒါန်းနိုင်ကြပါတယ်။”ဆိုကာ လှူဒါန်းမှုအစုစုတို့ကိုဝေမျှခဲ့တာပါ။CeleGabarပရိသတ်တွေလည်း အကျိုးရှိလှတဲ့ခန့်စည်သူရဲ့အလှူအတွက်သာဓုခေါ်မုဒိတာပွားခဲ့ကြပါဦးနော်။



Koe-CeleGabar
Soure – KyawSoeWin
ZawgyiFontဖြင့်ဖတ်ရန်
“တိုင်းရင်းသား ကိုရင်လေးများနှင့် သီလရှင်ဆရာလေးများ စုစည်းရာ အောင်ရာဇာ ပရဟိတစာသင်တိုက်သို့ စားနပ်ရိက္ခာအပြင် စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အထည်များလှူဒါန်းခဲ့တဲ့ခန့်စည်သူ”


Koe-CeleGabar
Soure – KyawSoeWin