” အနားမှာစိတ်ခွန်အားအပြည့်နဲ့အေးတူပူမျှရှိပေးကာ မျက်နှာအညိုးမခံတဲ့ချစ်သူကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ချိုမာ”

Posted on

CeleGabarပရိသတ်ကြီးရေချိုမာကတော့ Live saleတွေကတစ်ဆင့် တစ်နိုင်ငံလုံးကပရိသတ်တွေအထိသိရှိခဲ့တဲ့ Live saleလောကရဲ့ ပထမဆုံးအောင်မြင်ခဲ့တဲ့ သူတွေထဲကတစ်ယောက်လို့ဆိုရမှာပါ။အမျိုးသားပရိသတ်တွေအားပေးဝန်းရံခံရသူဖြစ်ပြီး မိန်းကလေးချင်းတောင်ချစ်စရာကောင်းလှတဲ့အလှကိုပိုင်ဆိုင်ထားတဲ့ကရင်တိုင်းရင်းသူလေးဖြစ်ပါတယ်။


ပွင့်လင်းရိုးသားပြီး မိဘကိုပြန်လည်ကြည့်ရှူစောင့်ရှောက်နေတဲ့ ချိုမာကတော့အလှူအတန်းတွေမှာလည်း မကြာမကြာလှူဒါန်းတတ်သူပါ။သူမရဲ့အချစ်ရေးကိုလည်း ပွင့်လင်းစွာချပြထားသူဖြစ်ပြီး သူမအနေနဲ့ အားကျစရာကောင်းလောက်အောင်အချစ်ခံရသူလေးပါ။

ဒီနေ့မှာလည်း”ကျွန်မကို ဆိုရင် မျက်နှာညိုးနေရင်တောင်မကြိုက်တဲ့သူ😌ကံပါ လို့သာ ဆုံကြရတာပါဘယ်ချိန်ထိ ဘယ်အတိုင်းတာထိ
အနားမှာ ရှိနေမလဲ. မသိရပေမယ့်
အဆင်ပြေတဲ့အချိန်မှာရော အဆင်မပြေတဲ့အချိန်မှာပါအနားမှာ စိတ်ခွန်းအားအပြည့်နဲ့ ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…..”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။CeleGabarပရိသတ်တွေထဲမှာရော ချိုမာလို အချစ်ရေးကံကောင်းတဲ့သူတွေရှိလား ။


Koe-CeleGabar
Source -Naw ChoMar
ZawgyiFontဖြင့်ဖတ်ရန်







Koe-CeleGabar
Source -Naw ChoMar