ဒါရိုက်တာကိုပြည့်ဝ(ပန်းဝေသီ)အတွက် ကျန်းမာရေးထောက်ပံ့ငွေသွားရောက် လှူဒါန်းပေးခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ

Posted on

ပရိသတ်ရဲ့အချစ်တော် တက္ကသိုလ်ဂွမ်းပုံကတော့ အောင်မြင်တဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်ရှေ့မှာ နှစ်ပေါင်းများစွာ မားမားမတ်မတ်ရပ်တည်ခဲ့သူပါ။ သာယာဖြောင့်ဖြူးတဲ့အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပြီး မကြာခဏဆိုသလိုလည်း အလှူအတန်းလုပ်လေ့ရှိသူပါ။

ဒီတစ်ခေါက်မှာတော့ မကြာသေးခင်ကမှ ကျန်းမာရေးအခြေအနေကြောင့် အိပ်ရာထဲလှဲနေရတဲ့ ဒါရိုက်တာကိုပြည့်ဝ(ပန်းဝေသီ) အတွက် တတ်နိုင်သမျှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ ကိုပြည့်ဝ(ပန်းဝေသီ) အတွက် ကျန်းမာရေးထောက်ပံ့ငွေ တစ်သိန်းလှူဒါန်းပေးခဲ့ပြီး “အကို အမြန်ဆုံးသက်သာပျောက်ကင်းပြီး အနုပညာအလုပ်တွေ အမြန်ဆုံးပြန်လည်လုပ်ကိုင်နှိုင်ပါစေနော်” လို့ ဆုတောင်းကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

ဒါရိုက်တာကိုပြည့်ဝ(ပန်းဝေသီ)ကတော့ ဇာတ်ကားကောင်းများစွာရိုက်ကူးထားတဲ့ ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်တိုင်းက လေးစားချစ်ခင်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် တတ်နိုင်သမျှလာရောက်ကူညီပေးကြတာကိုလည်း တွေ့မြင်ရမှာပါ။ ဒီနေ့မှာတော့ တက္ကသိုလ်ဂွမ်းပုံက သွားရောက်ကူညီလှူဒါန်းပေးခဲ့တာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – တက္ကသိုလ်ဂွမ်းပုံ
Rainbow- Cele Gabar