” ကိုယ်တိုင်ဒုက္ခရောက်နေချိန်မှာတောင် ကိုယ့်ကိုယ်ကိုထက် မိဘနှစ်ပါးကိုအရင်ဆုံးစိတ်ပူမိကြောင်း ရင်တွင်းစကားဆိုလာခဲ့တဲ့ပိုင်တံခွန်”
Posted on
CeleGabar ပရိသတ်ကြီးရေဖေဖော်ဝါရီလကနေစပြီး ဆန္ဒပြဖော်ထုတ်မှုများအပြီးမှာ နိုင်ငံကျော် အနုပညာရှင်တော်တော်များများဟာလည်း၅၀၅ (က/ခ)နဲ့ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးချုပ်နှောင်ခံရသူများလည်းရှိပါတယ်။ဖမ်းဝရမ်းထုတ်ခံရပြီးနောက်မှာ တိမ်းရှောင်နေတဲ့အနုပညာရှင်တွေလည်း များစွာရှိခဲ့တာပါ။
ဖမ်းဆီးခံခဲ့ရတဲ့နာမည်ကြီးအနုပညာရှင်တွေထဲမှာ ပိုင်တံခွန်လည်းပါဝင်ခဲ့တာပါ။ ပိုင်တံခွန်ကတော့ အာရှတစ်ခွင်မှာသာမက အနောက်နိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်မင်းသားတစ်လက်ဖြစ်တာကြောင့်သူပြန်လည်လွတ်​ေ​ြမာက်လာချိန်မှာ နိုင်ငံအရပ်ရပ်ကပရိသတ်တွေကလည်းဝမ်းသာခဲ့ကြတာပါ။
အမြဲမိဘနှစ်ပါးအပေါ်သိတတ်လိမ္မာက အလုပ်တွေများစွာလုပ်ကိုင်ဖြစ်ခဲ့တဲ့အချိန်မှာလည်းမိဘနှစ်ပါးကိုလိုလေသေးမရှိထောက်ပံ့ခဲ့တဲ့ပိုင်တံခွန်ကတော့ ဒီနေ့မှာ”ကိုယ် ဒုက္ခရောက်တဲ့အချိန်ဆို ကိုယ့်မိဘကို အရင် စိတ်ပူတယ် ငါမရှိရင် ငါမိဘတွေ ဘယ်လိုနေမလဲဆိုပြီး”ဆိုတဲ့စာလေးနဲ့အတူ လွန်ခဲ့တဲ့၂နှစ်က မိဘနှစ်ပါးကိုsurpriseပြုလုပ်ခဲ့တဲ့ videoဖိုင်လေးကိုပြန်လည်shareကာ ရင်တွင်းစကားလေးကိုပြောကြားခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း ပိုင်တံခွန်ရဲ့မိဘအပေါ်သိတတ်လွန်းတဲ့စိတ်ထားလေးကို လေးစားချီးကျူးကြမယ်လို့ထင်ပါတယ်နော်။
Koe-CeleGabar
Soure -PaingTakhon
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Soure -PaingTakhon