မျက်စိဝေဒနာသည်တွေအတွက် အခမဲ့စမ်းသပ်ကုသပေးမှုမှာ ထာဝရပဒေသာပင် တစ်ပင်ပါဝင်လှူဒါန်းပေးခဲ့တဲ့ နေမျိုးအောင်

Posted on

ပရိသတ်ကြီးရေ နေမျိုးအောင်ကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီး ထိပ်တန်းမင်းသားတစ်လက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်ပြီးအောင်မြင်ခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မိသားစုနဲ့သာဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့ပြီး ကောင်းမှုကုသိုလ်တွေပဲပြုလုပ်ကာ ဖြတ်သန်းနေခဲ့ပါတယ်။

ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ နေမျိုးအောင်တို့ ဇနီးမောင်နှံကတော့ လတ်တလောမှာ မွန်မြတ်လှတဲ့ အလှူဒါနလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ မျက်စိနဲ့ပတ်သက်ပြီး ရောဂါဝေဒနာခံစားနေရတဲ့သူတွေကို အခမဲ့ခွဲစိပ်ကုသပေးနေမှုမှာ ပါဝင် ကုသိုလ်ပြုခဲ့တာပဲဖြစ်ပါတယ်။

ထာဝရပဒေသာပင် တစ်ပင် စိုက်ထူတဲ့ အနေနဲ့ မျက်စိနှစ်လုံးစာ (၁)သိန်းကျပ်ကို သရုပ်ဆောင် အေးသီတာကနေ တစ်ဆင့်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ နေမျိုးအောင်တို့ မိသားစုကတော့ အလှူအတန်းဆို တကယ်ကို လက်မနှေးလှူဒါန်းတတ်တဲ့သူတွေပါပဲနော်။

Source – Aye Thida
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Aye Thida
Chilli – CeleGabar