ဒီနေ့မှာပဲ ချစ်သူလေးနဲ့ မင်္ဂလာလက်မှတ်ရေးထိုးကာ ရွှေလက်တွဲလိုက်တဲ့ အဆိုတော်ဝန

Posted on

ပရိသတ်ကြီးရေ ဝနကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အနပြညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဇူလိုင်လ (၅)ရက်နေ့မှာတော့ အဆိုတော်ဝနက သူ့ရဲ့ချစ်သူကောင်မလေးနဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့တယ် လို့သိရှိရပါတယ်။

ဝနကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်သူလေးနဲ့ ရွှေလက်တွဲလိုက်ပြီဖြစ်ကြောင်း သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေ သိရှိရအောင် အခုလိုပဲမျှဝေဖော်ပြထားခဲ့ပါတယ်။ “3 years Anniversary – 5 . 7 . 2 0 2 2 – နှစ်ဦးသဘောတူ စေ့စပ်ကြောင်းလမ်း လက်မှတ်ထိုး မင်္ဂလာ” ဆိုပြီး ချစ်သူလေးနဲ့အတူ မော်ကွန်းတင်လက်မှတ်ရေးထိုးတာတဲ့ ဂတိသစ္စာပြုလွှာပုံလေးတွေကိုပါ မျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

Congrstulations ပါ ဝနရေ… ချစ်ရတဲ့ ဇနီးလောင်းလေးနဲ့ သက်ဆုံးတိုင်ရွှေလက်တွဲနိုင်ပြီး ပျော်ရွှင်သာယာစွာနဲ့ အိုအောင်မင်းအောင်ပေါင်းဖက်နိုင်ပါစေလို့ CeleGabar ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ CeleGabar ပရိသတ်ကြီးတွေလည်း ဝနတို့ ဇနီးမောင်နှံအတွက် မင်္ဂလာဆုတောင်းစကားလေးတွေဆုတောင်းပေးခဲ့ပါဦးနော်။

Source – WA NA
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – WA NA
Chilli – CeleGabar