မြောက်ဥက္ကလာက သားသမီးကျောထောက်နောက်ခံမရှိတဲ့အဖိုးနဲ့ အဖွားကို ထောက်ပံ့လှူဒါန်းသွားမယ့် နေဒွေး

Posted on

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်နေဒွေးက သူ့ရဲ့ချစ်ရတဲ့ Naymily လေးတွေနဲ့ ပေါင်းပြီးလစဉ်လတိုင်းသားသမီးကျောထောက်နောက်ခံမရှိ ဒုက္ခရောက်နေတဲ့ အဖိုးအဖွား သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေကို ပြုလုပ်သွားမယ့်အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်တစ်ယောက် ပို့ပေးတဲ့ မြောက်ဥက္ကလာကအဖိုးနဲ့ အဖွားကို ဒီလအတွက် သွားရောက်လှူဒါန်းမယ့်အကြောင်း ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။ သွားရောက်လှူဒါန်းနဲ့ အဖိုးက အသက် (၇၀)ကျော်၊ အဖွားက အသက်(၉၀)ကျော် သားသမီးကျောထောက်နောက်ခံမရှိတဲ့ အဖိုးနဲ့ အဖွားကို သွားရောက်ကူညီထောက်ပံ့မှုတွေပြုလုပ်သွားမှာပါ။

ပရိသတ်တွေကတော့ နေဒွေးရဲ့အလှူလေးအတွက်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း နေဒွေးနဲ့ သူ့ရဲ့ချစ်ရတဲ့ Naymily လေးတွေ လစဉ်စုပေါင်းလှူဒါန်းမယ့် ဒီအလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးတို့ရေ။

Chilli – CeleGabar
Source – Nay Dway