” အိမ်စားရိတ်နဲ့ မြေးလေးကျောင်းစားရိတ်ကို မုန့်ဖက်ထုတ်ရောင်းရင်းခက်ခက်ခဲခဲ ရှာဖွေနေရတဲ့ အဖွားကိုသွားရောက်လှူဒါန်းခဲ့တဲ့ခင်ဝင့်ဝါရဲ့ဗီဒီယိုဖိုင်”
Posted on
ကြီးရေ ခင်ဝင့်ဝါကတော့ အနုပညာလောကထဲကို အလှမယ်အနေနဲ့ဝင်ရောက်ခဲ့ကာအမျိုးသားပရိသတ်တွေရဲ့အားပေးဝန်းရံမှုအမြင့်တက်ဆုံးမင်းသမီးထဲကတစ်လက်ပါ။ ခင်ဝင့်ဝါကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်လာတဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးလို့လည်းဆိုရမှာပါ။
ပုဒ်မ ၅၀၅ နဲ့ စွဲဆိုခံရပြီးနောက်ခံဝန်ထိုးကာ ပရိသတိတွေရှေ့ပြန်လည်ရောက်ရှိလာတဲ့ ခေးကတော့ ခုနောက်ပိုင်းphoto shooting တွေရိုက်ကူးလျက်ရှိတာပါ။ကုသိုလ်ရေးတွေကိုလည်းဦးစားပေးပြုလုပ်ကာ နိုင်သလောက်အလှူအတန်းတွေလည်းဆက်တက်ပြုလုပ်နေသူလေးပါ။
ဒီနေ့မှာလည်း”သားသမီး (၇) ယောက်ရှိပေမယ့် တစ်ယောက်တည်း စက်ဘီးတစ်စီးနဲ့ နေပူမိုးရွာမရှောင် မုန့်ဖက်ထုတ်လှည့်ရောင်းနေရင်း အိမ်စားရိတ်နဲ့ မြေးလေးကျောင်းစားရိတ်ကို ခက်ခက်ခဲခဲ ရှာဖွေနေရတဲ့ အဖွား…..မြောက်ဒဂုံမြို့နယ်မှ အသက် (၇၂) နှစ်အရွယ် မုန့်ဖက်ထုတ်ရောင်းတဲ့ အဖွားနဲ့ ဘုန်းတော်ကြီးသင်ကျောင်းမှာ (၇) တန်းတက်ရောက်မယ့် မြေးလေးကို ခင်ဝင့်ဝါ ကိုယ်တိုင် အစားအသောက် ၊ ကျောင်းစာအုပ်တွေနဲ့ ငွေကြေးအချို့ကို တတ်နိုင်သလောက် လှူဒါန်းခဲ့တဲ့ Video လေးကို အားလုံးကြည့်ရှုပြီး စေတနာပွားများနိုင်အောင် မျှဝေပေးလိုက်ပါတယ်။”ဆိုတဲ့စာလေးနဲ့အတူကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ videoဖိုင်လေးကိုတင်လာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း ခေးရဲ့ကုသိုလ်အတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။
Koe-CeleGabar
Soure : KhinWintWah
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Soure : KhinWintWah