နယ်က ပရိသတ်တွေအတွက် ဗွီဒီယိုလေးနဲ့ သတင်းကောင်းလေးပေးလိုက်တဲ့ ဖြူဖြူထွေး

နှစ်အနည်းငယ်အတွင်း ပရိသတ်အားပေးချစ်ခင်မှုအပြည့်အဝရရှိကာ အောင်မြင်မှုရရှိလာသူကတော့ ဖြူဖြူထွေးပါ။ ရိုးသားတဲ့ဂုဏ်စားမကုန်ဆိုတဲ့ ဖြူဖြူထွေးရဲ့ဆောင်ပုဒ်လေးအတိုင်းပဲ ကိုယ်တိုင်လည်း တိုးတက်ဖြစ်ထွန်းလာသလို အနားမှာရှိတဲ့ခက်ခဲတဲ့သူတွေကိုပါ ဆက်တိုက်ကူညီပေးလာသူတွေလို့ ဆိုရမှာပါ။

ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရသလို ရုပ်ရှင်လောကထဲက ခက်ခဲနေတဲ့ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေကိုလည်း သူ့ရဲ့ကြော်ငြာဗွီဒီယိုလေးတွေထဲမှာ ပါဝင်သရုပ်ဆောင်ခိုင်းလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာလည်း ဆံပင်နဲ့ပတ်သက်တဲ့အလှကုန်၊ စက်ပစ္စည်းကြော်ငြာတစ်ခုရိုက်ကူးရင်း နယ်က အလှပြင်ဆိုင်ဖွင့်ချင်တဲ့သူတွေအတွက် သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ ပိုက်ဆံကုန်ကျစရိတ်အနည်းငယ်နဲ့ အလှပြင်ဆိုင်ဖွင့်ချင်သူတွေ၊ ဆံပင်နဲ့ပတ်သက်တဲ့ပညာစုံသင်ကြားချင်သူတွေ၊ ရန်ကုန်မှာ သင်ကြားချင်ပေမယ့် နေထိုင်ဖို့အခက်အခဲရှိသူတွေအတွက် နေ၊စား၊ငြိမ်း ပညာသင်ယူနိုင်မယ့် နေရာလေးကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဖြူဖြူထွေးရဲ့ ပုံစံလေးအတိုင်း ချစ်ရတဲ့ဇာတ်ပို့ဇာတ်ရံတွေနဲ့အတူ ဗွီဒီယိုလေးကို ရယ်မောပျော်ရွှင်ရအောင် ဖန်တီးရိုက်ကူးထားပါတယ် ပရိသတ်ကြီးရေ…နယ်ဘက်က အလှပြင်ဆိုင်ဖွင့်ချင်တဲ့သူတွေအတွက်လည်း သတင်းကောင်းလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x