” ခွဲစိတ်မှုအောင်မြင်ပြီး ဆေးရုံကဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်းအသိပေးလာတဲ့ ပြည်သူချစ်လူရွှင်တော်ကြီးဦးမိုးဒီ”

Posted on

CeleGabarပရိသတ်ကြီးရေ ပြည်သူချစ် လူရွှင်တော်ကြီးဦးမိုးဒီကတော့ လတ်တလောမှာကျန်းမာရေးအခြေအနေကြောင့်သွေးကြောချဲ့ ကိရိယာ (၃)ချောင်းထည့်သွင်းကာ ခွဲစိတ်မှုပြုလုပ်ခဲ့တာပါ။ ခွဲစိတ်မှုလည်းအောင်မြင်ခဲ့တာဖြစ်ပြီး တူသားတပည့်ဖြစ်တဲ့ လူရွှင်တော်မိုးစက်ကလည်း ဦးမိုးဒီကိုအနီးကပ်ပြုစုစောင့်ရှောက်နေခဲ့တာ​ပါ။

ဒီနေ့မှာတော့”ဆေးရုံက ဒီနေ့ဆင်းပါပြီ။အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။”ဆိုကာဦးမိုးဒီရဲ့ Pageကနေ​အသိပေးလာခဲ့တာပါ။ ဦးမိုးဒီအတွက်စိုးရိမ်ကာ ဆုတောင်းပေးခဲ့ကြတဲ့ပရိသတ်တွေလည်း ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။

ဦးမိုးဒီတစ်ယောက် အရင်လိုကျန်းမာစွာနဲ့အနုပညာအလုပ်တွေကိုလူရွှင်တော်မိုးစက်နဲ့တွဲဖက်ကာ ဟန်ချက်ညီညီအမြန်ဆုံးလုပ်ကိုင်နိုင်ပါစေလို့CeleGabarမှဆုတောင်းပေးလိုက်ပါတယ်။ CeleGabarပရိသတ်တွေလည်း ဦးမိုးဒီရဲ့ ဆေးရုံဆင်းတဲ့သတင်းကောင်းအတွက်ဝမ်းသာစကားပြောခဲ့ကြပါဦးနော်။


Koe-CeleGabar
Source- U Moe De






Koe-CeleGabar
Source- U Moe De