နိုင်ငံကျော်အဆိုတော် နီနီခင်ဇော်ကတော့ Melody World ပြိင်ပွဲတစ်ခုကနေ ဂီတလမ်းပေါ်ကို စတင်လျှောက်လှမ်းခဲ့ပြီး လက်ရှိမှာတော့ ကိုယ်ပိုင်သီချင်းပေါင်းများစွာကို ရေးစပ်သီဆိုကာ အောင်မြင်မှုအခိုင်အမာရရှိထားပါတယ်။သူဟာ အသံပါဝါကောင်းကာင်းနဲ့ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို သီဆိုပြီး သူ့ရဲ့ သီချင်းများစွာဟာလည်း ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေခဲ့တာလည်း ဖြစ်ပါတယ်။
နီနီခင်ဇော်ကတော့ လက်ရှိမှာ “I Love You” ဆိုတဲ့သီချင်းလေးထွက်ရှိလာပြီး သီချင်းရဲ့ Music Video ကိုတော့ မြင်ဖူးနေကြတဲ့ သီချင်းMusic Video တွေထဲက ခွဲထွက်ကာ Creation ကောင်းကောင်းနဲ့ ဖန်တီးရိုက်ကူးထားပါတယ်။ ဒီသီချင်းသစ်ရဲ့ Music Video ကိုတော့ မိန်းကလေးတိုင်းရဲ့ ငယ်ဘဝကကြိုက်ခဲ့ရတဲ့ ဘာဘီအရုပ်မလေးနဲ့ ရိုက်ကူးထားပြီး နီနီကိုယ်တိုင်လည်း ဘာဘီအရုပ်လေးလို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။”I Love You” ဆိုတဲ့သီချင်းလေးကိုတော့ နီနီကိုယ်တိုင်ရေးစပ်ထားတာဖြစ်ပြီး နားထောင်သူတိုင်းကို ကြည်နှုးမှုကိုခံစားစေမယ့် အချစ်သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီးရေ မြင်ဖူးနေကြတဲ့ သီချင်းMusic Video တွေထဲက ခွဲထွက်ကာ Creation ကောင်းကောင်းနဲ့ ဖန်တီးရိုက်ကူးထားတဲ့ နိုင်ငံကျော်အဆိုတော် နီနီခင်ဇော်ရဲ့ “I Love You” ဆိုတဲ့သီချင်းသစ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။
Source: Ni Ni Khin Zaw
DarDar-CeleGabar