ရိုးရိုးရှင်းရှင်းမြန်မာဝတ်စုံလေးနဲ့ အမှတ်တရရိုက်ဖြစ်တဲ့ pre-wedding ဓါတ်ပုံလေးတွေကို မျှဝေခဲ့တဲ့ မိစန္ဒီ

Posted on

ပရိသတ်ကြီးရေ မိစန္ဒီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ Rapper အဆိုတော်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ မကြာသေးခင်အချိန်ကတော့ သူ့ရဲ့ချစ်သူလေးကို တရားဝင်ချပြခဲ့ပြီး ချစ်သူလေးနဲ့ ရွှေလက်တွဲတော့မယ့် သတင်းလေးကိုပါ ပရိသတ်တွေကို အသိပေးခဲ့တာပဲဖြစ်ပါတယ်။

အခုလို ချစ်သူလေးနဲ့ လက်တွဲသွားတဲ့အပေါ် ချစ်ကြတဲ့ ပရိသတ်တချို့က နှမြောနေခဲ့ပြီး မိစန္ဒီကတော့ “ဘာလို့လဲ လို့ လူတွေ မေးကြတယ်.. အဖြေကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ “အရမ်းချစ်မိသွားလို့” ပြီးတော့ မခွဲနိုင်တော့လို့.. နောက်တစ်ခုက လောကဓံတွေ၊ အပူအပင်များစွာနဲ့ ဒီလူ့ဘဝကြီးမှာ သူ့အချစ်တွေကြောင့် စိတ်လုံခြုံအေးချမ်းရလို့ပါ.. အဲ့ဒါပါပဲ ဟီး။ မိစန္ဒီ ရဲ့သတို့သားနဲ့ ရိုးရိုးရှင်းရှင်း မြန်မာ ဝတ်စုံလေးနဲ့ အမှတ်တရ ရိုက်ဖြစ်တဲ့ pre-wedding ဓါတ်ပုံလေးတွေကို ပရိတ်သတ်ကြီးကို ဝေမျှခွင့်ပြုပါရှင်

အမှတ်တရလေးတွေကို လှပစေဖို့ အစစအရာရာ ချစ်ခြင်းမေတ္တာတွေနဲ့ ကူညီပေးကြသူများကို အရမ်းကျေးဇူးတင်ပါတယ် ” ဆိုပြီး နောက်ထပ်ရိုက်ကူးထားတဲ့ Pre-Wedding ပုံလေးတွေကို ပရိသတ်တွေအတွက် ထပ်မံမျှဝေလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မိစန္ဒီတို့ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်။

Source – Mi Sandi
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Mi Sandi
Chilli – CeleGabar