သမီးနဲ့ သားတို့ကို ရှင်ပြု နားသကာ သာသနာ့ဘောင်ကို သွတ်သွင်းခဲ့တဲ့ ပိုင်ဇေရဲထွန်း

Posted on

ပရိသတ်ကြီးရေ ပိုင်ဇေရဲထွန်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုင်ဇေရဲထွန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့သမီးနဲ့ သားတွေကို ရှင်ပြုနားသပေးခဲ့ကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။

ပိုင်ဇေရဲထွန်းကတော့ မိဘတို့ ဝတ္တရားနဲ့ အညီ သားတွေနဲ့ သမီးတွေကို ရှင်ပြုနားသပေးခဲ့ပြီး မိဘတွေရဲ့ ဆန္ဒအတိုင်း ရှင်ပြုနားသခံကာ သာသနာ့ဘောင်ကို ဝင်ရောက်ပေးခဲ့ကြတဲ့ အတွက် “သမီးကြီး သားတိုး နဲ့ သားငယ်လေးဆုန် ဖေဖေနဲ့ မေမေ တို့က သားတို့သမီးတို့ကိုကျေးဇူးတင်ပါတယ်။ ဖေဖေ မေမေ ဖိုးဖိုးဖွားဖွား တွေရဲ့ ဆန္ဒတွေကို လိုက်လျောဖြည့်ဆည်းပေးပြီး

သာသနာ့ အမွေဆက်ခံနိုင်သူတွေဖြစ်အောင်သာသနာ့ဘောင်မှာ ရှင်ကိုရင်ဝတ်ပေးခဲ့ကြလို့ ကျေးဇူးပါ သားသားမီးမီးတို့ရေ” ဆိုပြီးတော့ မိဘစကားနားထောင်ကာ လိမ္မာကြတဲ့ သားတွေနဲ့ သမီးကိုလည်း ကျေးဇူးတင်ရှိကြောင်းလည်းပြောထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ တကယ်ကို ကြည်နူးဖွယ်ကောင်းလှတဲ့ မိသားစုလေးပါပဲနော်။

Source – Paing Zay Ye Tun
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Paing Zay Ye Tun
Chilli – CeleGabar