ကိုပေါက်ရဲ့ဆေးထိုးဗွီဒီယိုမှာ အလှည့်ကျသွားတဲ့ ဟန်ဇာမိုးဝင်း၊တင်မောင်ဆန်းမင်းဝင်းနဲ့ တင်ဇာမော်

Posted on

အကြမ်းအရမ်း၊ ဟာသ အမျိုးစုံအောင်ရတဲ့ကိုပေါက်ကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့ရုံမက အခုဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်မှုရရှိလာသူပါ။ လတ်တလောမှာလည်း ပရိသတ်ရဲ့ဘဝအမောတွေေပြေစေဖို့ တင်ဆက်ပေးနေတဲ့ ကိုပေါက်ရဲ့ ဟာသ Tik Tok ဗွီဒီယိုတွေဟာဆိုရင်လည်း စောင့်ကြည့်အားပေးသူများစွာ ရရှိနေပြီဖြစ်ပါတယ်။

ကိုပေါက်ရဲ့ ဗွီဒီယိုတွေထဲမှာတော့ အနုပညာရှင်တွေကိုဆေးထိုးတဲ့ ဗွီဒီယိုတွေက ပရိသတ်တွေပိုသဘောကျနှစ်သက်ကြတယ်လို့ ဆိုရမှာပါ။ ကျော်ကျော်၊ ကျော်ကျော်ဗိုလ်၊ ထူးအောင်၊ ညီထွဋ်ခေါင်၊ကိုဘိုဆန်း၊ ဒါရိုက်တာညိုမင်းလွင် တို့ကိုဆေးထိုးထားတဲ့ ဗွီဒီယိုတွေကို တင်ဆက်ပေးခဲ့ပြီး ပရိသတ်တွေတစ်ခဲနက် အားပေးခဲ့ကြပါတယ်။ ဒီတစ်ခေါက်အလှည့်ကျလာသူတွေကတော့ သဘင်မင်းသားလေးတွေဖြစ်တဲ့ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းနဲ့ နိုင်ငံကျော်အဆိုတော် တင်ဇာမော်တို့ရဲ့အလှည့်ပဲ ဖြစ်ပါတယ်။

တစ်ယောက်တစ်မျိုး မရိုးရအောင် စဉ်းစားပြီး ဆေးထိုးနေတဲ့ကိုပေါက်ရဲ့ ဒီဗွီဒီယိုလေးကတည်း ပရိသတ်တွေကို အူတက်စေဦးမှာ အမှန်ပါပဲ။ ကိုပေါက်ရဲ့ဗွီဒီယိုတွေကို စောင့်မျှော်အားပေးနေတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Aung Min Naing
Rainbow- Cele Gabar