“မကြာခင်မှာလူ့လောကထဲရောက်လာတော့မယ့်သမီးလေးအတွက် ထူးထူးခြားခြားချစ်စရာနာမည်လေးပေးထားတဲ့ JhonStifflerနဲ့ မြတ်သီရိမောင်”

Posted on

CeleGabarပရိသတ်ကြီးရေ JhonStiffler​ကတော့ ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ တောဂေါ်လီသီချင်းနဲ့ စတင်ပြီးနာမည်ရရှိလာကာ နောက်ထပ်လည်း မင်းစော်ထက်ငါ့စော်ပိုမိုက်တယ်သီချင်းမှာလည်း ချစ်ဇနီးလေးကိုရည်ရွယ်ဆိုခဲ့တာဖြစ်ပြီး ပရိသတ်တွေပါးစပ်ဖျားမှာလည်းရေပန်းစားခဲ့တာပါ။


သီချင်းလေးအတိုင်းပဲ ဆိုရှယ်မီဒီယာတွေနဲ့လည်းမစိမ်းတဲ့ဆရာဝန်မလေးမြတ်သီရိမောင်နဲ့အိမ်ထောင်ကျကာ အခုဆိုရင် သားဦးလေးနဲ့အတူ မကြာခင်မှာလည်း ဒုတိယမြောက်သမီးလေးကိုပိုင်ဆိုင်တော့မှာပဲ ဖြစ်ပါတယ်။ သားလေးHappyကိုလည်း ပရိသတ်တွေကအချစ်ပိုကာ Happyရဲ့လှုပ်ရှားမှုလေးတွေကိုလည်း မကြာမကြာ မြတ်သီရိမောင်အကောင့်ကနေတင်ပေးလျက်ရှိတာပါ။

လက်ရှိမှာလည်းမကြာခင်မှာဖေဖေနဲ့မေမေဆီရောက်ရှိလာတော့မယ့် သမီးလေးကို ချစ်ခြင်းဆို့တဲ့ နာမည်ဆန်းဆန်းပြားပြားလေးပေးထားကာ ချစ်ခြင်းလေးအတွက်အခန်းလေးကိုအဆင်သင့်ပြင်ဆင်နေကြတဲ့ပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း JhonStifflerနဲ့ မြတ်သီရိမောင်ရဲ့ သမီးလေးနာမည်လေးကို သဘောကျကြမယ်ထင်ပါတယ်နော်။


Koe -CeleGabar
Source -MyatThiriMaung
Zawgyiဖြင့်ဖတ်ရန်







Koe -CeleGabar