“ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ နှစ်၁၀၀ကျော်ရှိပြီဖြစ်တဲ့ ဆုတောင်းပြည့်ရတနာသိုက်နဂါးဘုရားကြီးကို သွားရောက်ဖူးမြှော်ခဲ့တဲ့ လင်းလင်းရဲ့​ဗီဒီယိုဖိုင်”

Posted on

CeleGabar ပရိသတ်ကြီးရေ မိတ်ကပ်လင်းလင်းကတော့ နိုင်ငံကျော်မိတ်ကပ်ဖန်တီးရှင်တွေထဲက တစ်ယောက်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူးနော်။ မိတ်ကပ်လင်းလင်းကတော့ မြန်မာနိုင်ငံရဲ့ မိတ်ကပ်ဖန်တီးရှင်ထဲမှာ ထင်ပေါ်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် အနုပညာရှင်တွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။


ဆရာသမားတွေအပေါ်အမြဲတလေးတစားဆက်ဆံတတ်တဲ့ မိတ်ကပ်လင်းလင်းကတော့ သူ့ရဲ့လှုပ်ရှားမှုတွေကိုအမြဲ သူ့ရဲ့ဆိုရှယ်မီဒီယာကနေတင်လေ့ရှိသူပါ။ သူမရဲ့ မိတ်ကပ်ပြင်တင်မှုအပြင်သွားလာလှုပ်ရှားမှုလေးတွေကို အမြဲမပြတ်တင်ပေးခဲ့ကာ ဒီနေ့မှာလည်း ထိုင်းနိုင်ငံရောက်ပုံရိပ်တွေကိုvideoလေးနဲ့တင်လာခဲ့တာပါ။

“ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ နှစ်၁၀၀ကျော်ရှိပြီဖြစ်တဲ့ ဆုတောင်းပြည့်ရတနာသိုက်နဂါးဘုရားကြီးအား တူတူဖူးမျှော်ကြရအောင်နော်”ဆိုတဲ့စာလေးနဲ့ ဘုရားဖူးပုံရိပ်videoဖိုင်လေးတင်လာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း ထိုင်းနိုင်ငံရဲ့ ဘုရားတွေကိုလင်းလင်းvideoလေးကြည့်ပြီးအတူးဖူးမြှော်နိုင်ဖို့ပြန်လည်တင်ပေးလိုက်ပါတယ်နော်။

Koe-CeleGabar
Soure : LinLinn
ZawgyiFontဖြင့်ဖတ်ရန်







Koe-CeleGabar
Soure : LinLinn