ရွှေထူးအတွက် အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ “မိုးစက်များကပြောသော” သီချင်းလေး

Posted on

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပရိသတ်တွေရဲ့အချစ်တော် ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ “မိုးစက်များကပြောသော” လို့အမည်ရတဲ့ သီချင်းလေးထွက်ရှိလာခဲ့ပါတယ်။ ဒီသီချင်းလေးကို ပရိသတ်ကြီးတွေ နားဆင်ပြီးလောက်ကြမယ်လို့လည်း ထင်ပါတယ်။ သီချင်းလေးကတော့ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းလေးဖြစ်ခဲ့ပြီး

ထွက်ရှိလာပြီးနာရီပိုင်းတင်မှာတင်ကြည့်ရှု့သူ (၁၀)သိန်းအထိ တဟုန်တိုးအောင်မြင်ခဲ့တဲ့ သီချင်းလေးလည်းဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိလည်း အားပေးကြည့်ရှုသူတွေ နာရီနဲ့အမျှတက်နေခဲ့ပြီး ကြည့်ရှုသူ သိန်း(၅၀)အထိရှိနေခဲ့တဲ့ မထင်မှတ်ထားလောက်အောင် အောင်မြင်မှုတွေရရှိနေခဲ့ပါသေးတယ်။ ရွှေထူးကိုယ်တိုင်ကလည်း သူ့ရဲ့ Page မှာ တင်ခဲ့သမျှသူပါဝင်တဲ့ Music Video တွေထဲမှာ “မိုးစက်များကပြောသော” သီချင်းက Like, Share, Views အများဆုံးဖြစ်ကြောင်း ပြောထားပါသေးတယ်။

အခုလို “မိုးစက်များကပြောသော” သီချင်းလေးကို အားပေးကြည်ရှုပေးကြတဲ့ ပရိသတ်တွေကိုလည်း ရျွှေထူးက ကျေးဇူးတင်ရှိကြောင်း ပြောထားပါတယ်။ CeleGabar ပရိသတ်ကြီးတွေရော ရွှေထူးနဲ့ ရွှေမှုံတို့ နှစ်ယောက်ရဲ့ “မိုးစက်များကပြောသော” သီချင်းလေးကို သဘောကျနှစ်သက်ကြရဲ့လား။

Chilli – CeleGabar
Source – Shwe Htoo