“ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲလေးမှာ မင်းသားချောကောင်းမြတ်စံနဲ့အတူတွဲဖက်ပါဝင်ထားတဲ့ မေမြင့်မိုရ်”

Posted on

CeleGabarပရိသတ်ကြီးရေ ရုပ်သံဇာတ်လမ်းတွဲတွေခေတ်စားလာတာနဲ့ အမျှ မြန်မာဇာတ်လမ်းတွဲတွေကိုပရိသတ်တွေ အားပေး ကြည့်ရှုလာတာပဲ ဖြစ်ပါတယ်။ပရိသတ်အချစ်တော်ဇာတ်လမ်းတွဲမင်းသမီးတွေထဲက ပန်းနုသွေးဇာတ်လမ်းတွဲနဲ့လူသိများလာတဲ့ မေမြင့်မိုရ်ကတော့ အရိပ်ဇာတ်လမ်းတွဲနဲ့ပုဂံမြို့သူဇာတ်လမ်းတွဲမှာလည်းပရိသတ်အချစ်တွေကိုသိမ်းပိုက်နိုင်ခဲ့သူပါ။

လက်တလောမှာတော့သူမရဲ့ဇာတ်လမ်းတွဲတွေနဲ့ဝေးကွာနေတဲ့ပရိသတ်တွေအတွက် အထူးသတင်းကောင်းလေးရောက်ရှိလာပြီပဲဖြစ်ပါတယ်။
““ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲလေးကို ဇူလိုင်လ ၂၂ရက်မှစတင်ပြီး အပတ်စဉ် တနင်္လာမှသောကြာနေ့ ည ၇:၀၀ တွင် MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားတော့မှာဖြစ်ပါတယ်နော် ♥️♥️♥️ မျှော်နေတဲ့သူလေးတွေအတွက်လာပါပြီရှင့် …”ဆိုတဲ့စာလေးနဲ့သူမရဲ့အကောင့်ကနေတင်လာခဲ့တာပါ။


ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းတွဲလေးကို ပျိုတိုင်းကြိုက်မင်းသားချောလေးကောင်းမြတ်စံနဲ့တွဲဖက်ရိုက်ကူးထားတာကြောင့်ပရိသတ်တွေအထူးစိတ်ဝင်စားကြမယ့်ဇာတ်လမ်းတွဲလေးပါပဲနော်။CeleGabarပရိသတ်တွေလည်းမေလေးရဲ့ရွာလည်တဲ့ဖူးစာ” ဇာတ်လမ်းတွဲလေးကို အားပေးကြည့်ရှူကြမယ်ဆိုရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Koe- CeleGabar
Source- MayMyintMo

“႐ြာလည္တဲ့ဖူးစာ” ဇာတ္လမ္းတြဲေလးမွာ မင္းသားေခ်ာေကာင္းျမတ္စံနဲ႔အတူတြဲဖက္ပါဝင္ထားတဲ့ ေမျမင့္မိုရ္”

CeleGabarပရိသတ္ႀကီးေရ ႐ုပ္သံဇာတ္လမ္းတြဲေတြေခတ္စားလာတာနဲ႔ အမွ် ျမန္မာဇာတ္လမ္းတြဲေတြကိုပရိသတ္ေတြ အားေပး ၾကည့္ရႈလာတာပဲ ျဖစ္ပါတယ္။ပရိသတ္အခ်စ္ေတာ္ဇာတ္လမ္းတြဲမင္းသမီးေတြထဲက ပန္းႏုေသြးဇာတ္လမ္းတြဲနဲ႔လူသိမ်ားလာတဲ့ ေမျမင့္မိုရ္ကေတာ့ အရိပ္ဇာတ္လမ္းတြဲနဲ႔ပုဂံၿမိဳ႕သူဇာတ္လမ္းတြဲမွာလည္းပရိသတ္အခ်စ္ေတြကိုသိမ္းပိုက္ႏိုင္ခဲ့သူပါ။


လက္တေလာမွာေတာ့သူမရဲ႕ဇာတ္လမ္းတြဲေတြနဲ႔ေဝးကြာေနတဲ့ပရိသတ္ေတြအတြက္ အထူးသတင္းေကာင္းေလးေရာက္ရွိလာၿပီပဲျဖစ္ပါတယ္။
““႐ြာလည္တဲ့ဖူးစာ” ဇာတ္လမ္းတြဲေလးကို ဇူလိုင္လ ၂၂ရက္မွစတင္ၿပီး အပတ္စဥ္ တနလၤာမွေသာၾကာေန႔ ည ၇:၀၀ တြင္ MRTV-4 ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသသြားေတာ့မွာျဖစ္ပါတယ္ေနာ္ ♥️♥️♥️ ေမွ်ာ္ေနတဲ့သူေလးေတြအတြက္လာပါၿပီရွင့္ …”ဆိုတဲ့စာေလးနဲ႔သူမရဲ႕အေကာင့္ကေနတင္လာခဲ့တာပါ။

ေပါ့ေပါ့ပါးပါးအခ်စ္ဇာတ္လမ္းတြဲေလးကို ပ်ိဳတိုင္းႀကိဳက္မင္းသားေခ်ာေလးေကာင္းျမတ္စံနဲ႔တြဲဖက္႐ိုက္ကူးထားတာေၾကာင့္ပရိသတ္ေတြအထူးစိတ္ဝင္စားၾကမယ့္ဇာတ္လမ္းတြဲေလးပါပဲေနာ္။CeleGabarပရိသတ္ေတြလည္းေမေလးရဲ႕႐ြာလည္တဲ့ဖူးစာ” ဇာတ္လမ္းတြဲေလးကို အားေပးၾကည့္ရႉၾကမယ္ဆိုရင္မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Koe- CeleGabar
Source- MayMyintMo