“မင်းသားဆန်းထွဋ်နဲ့အတူမိဘမဲ့ကျောင်းသို့သွားရောက်ပြီး ပျော်ရွှင်စရာတွေဖန်တီးကာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ထူးအောင်”

Posted on

CeleGabar ပရိသတ်ကြီးရေထူးအောင်ကတော့တကယ်ကို နှုတ်ခမ်းနီမလေးတွေ အတွက် ရင်ခုန်စေမယ့် ခံ့ညားတဲ့သွင်ပြင်ကို ပိုင်ဆိုင်ထားကာ အမြဲ ဖော်ရွေတတ်တဲ့ အကျင့်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံရတဲ့ သူတစ်ယောက်ပါနော်။နောက်ပိုင်းမှာလည်း မော်ဒယ်လ်ဘက်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းကာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာပြီဖြစ်ပြီးဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ်တွေ ဝန်းရံအားပေးရတဲ့မင်းသားတစ်လက်ပါ။

 

ထူးအောင်ကတော့လတ်တလောမှာသူ့ရဲ့pageကနေလှုပ်ရှားမှုvideoလေးတွေကိုအမြဲတင်ပေးလေ့ရှိသူပါ။ဒီတစ်ခေါက်တော့မင်းသားဆန်းထွဋ်နဲ့အတူမိဘမဲ့ကျောင်းသို့သွားရောက်ကာလှူဒါန်းမှုတွေပြုလုပ်ခဲ့ပြီးမိဘမဲ့ကလေးတွေနဲ့အတူ ပျော်ရွှင်စရာဂိမ်းကစားမှုတွေပြုလုပ်ခဲ့ကြတာပါ။

အလှူရှင်တွေလိုအပ်နေတဲ့Calvary Peace Center ( CPC ဂေဟာ )မှာ သွားရောက်ကာ”ကဲ Team Htoo Aung vs Team San Htut ဘယ်သူနိုင်တယ်ဆိုတာ ဝိုင်းပြီးဆုံးဖြတ်ပေးကြပါဦး။ ဘက်မလိုက်ကြေးနော် 😜အားလုံးပဲ ဒီVideo လေးကြည့်ပြီး အပျော်လေးတွေ ကူးစက်ကြပါစေ။ ဆက်သွယ်လှူဒါန်းချင်တယ်ဆိုရင်တော့Calvary Peace Center ( CPC ဂေဟာ )☎ 09766035963”ဆိုတဲ့စာလေးနဲ့အတူ
Videoလေးကိုတင်လာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း Calvary Peace Center ( CPC ဂေဟာ )မှာသွားရောက်လှူဒါန်းကုသိုလ်ယူနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်နော်။

&;

Koe- CeleGabar
Source- Htoo Aung






&;

Koe- CeleGabar
Source- Htoo Aung