အလန်းစားဆက်တင်တွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ Project K အဖွဲ့ရဲ့ သီချင်းသစ် “Stay Strong”

Posted on

မြန်မာမှာသာမက ကမ္ဘာမှာပါ ခေတ်စားလာတဲ့ K Pop သီချင်းအမျိုးအစားတွေကိုတော့ မကြိုက်တဲ့လူငယ်တွေမရှိသလောက်ပါပဲနော်။ K pop အဆိုတော်တွေကတော့ ရုပ်ပိုင်းဆိုင်ရာသာမက အသံပိုင်း၊ အကပိုင်းပါ သေချာလေ့ကျင့်ထားတဲ့အပြင် Music Video တွေကိုလည်း အမိုက်စားဆက်တင်တွေနဲ့ ရိုက်ကူးလေ့ရှိတာမို့ လူကြိုက်များတဲ့ သီချင်းအမျိုးအစားတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့တာပါ။

K Pop ပရိသတ်တွေများစွာရှိတဲ့ မြန်မာနိုင်ငံမှာဆိုရင်လည်း အမိုက်စားလူငယ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ဟာဆိုရင် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ရရှိထားတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ ချမ်း၊ ဝီလျှံထွန်း၊ ဟိန်းရာ၊ ဘုန်းနေလင်း၊ မောရစ်၊ ရဲရင့်သော်၊ မင်းခန့်ဟိန်း အဖွဲ့ဝင်(၇) ယောက်နဲ့ဖွဲ့စည်းထားပြီး ပရိသတ်အသိမှတ်ပြုအားပေးတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် ရပ်တည်လာနိုင်ခဲ့သူတွေပါ။

Music Video တစ်ပုဒ်ထွက်ဖို့ သေချာအချိန်ပေးပြင်ဆင်လေ့ရှိကြတဲ့အပြင် ထွက်လာတဲ့အခါမှာလည်း တကယ်ကိုမြင်တွေ့နေကြမဟုတ်တဲ့ ဆက်တင်၊ ရိုက်ချက်တွေနဲ့ အလန်းစားဖျော်ဖြေမှုတွေကို တွေ့မြင်ရမှာပါ။ Project K ရဲ့သီချင်းအသစ်လေးကို စောင့်မျှော်နေကြတဲ့သူတွေအတွက် အသစ်ထပ်မံထွက်ရှိလာတဲ့ “Stay Strong” ဆိုတဲ့သီချင်းအသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ပရိသတ်ကြီးရေ…

Source – Project K
Rainbow- Cele Gabar