” မြန်မာနိုင်ငံကပရိသတ်တွေအနေနဲ့ သတိထားဂရုစိုက်ကာသွားလာ နေထိုင်ရမယ့် အကြောင်းကိုစိုးရိမ်သတိပေးစကားဆိုလာတဲ့မေမြတ်နိုး”

Posted on

CeleGabarပရိသတ်ကြီးရေ မေမြတ်နိုးကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်ယူရဆုံး အလှမယ်မော်ဒယ်လ်တစ်ဦးလို့ဆိုရမှာပါ။ ထိပ်တန်းစူပါမော်ဒယ်လ်တွေထဲကတစ်ယောက်ဖြစ်ပြီး ယခုလက်ရှိမှာ လည်းနိုင်ငံခြားမှာပဲနေထိုင်ကာ အနုပညာအလုပ်တွေကို ပြုလုပ်လျက်ရှိတာပါ။

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရ ပရိသတ်တွေကို ”အားလုံးအတွက်သတိပေးချက်အပြင်သွားရင် တစ်ယောက်ထဲမသွားပါနဲ့ အဖော်နဲ့သွားပါ
မိန်းကလေးမှ မဟုတ်ပါဖူး ယောက်ကျားလေးရော အဖော်ပါမှသွားပါ ကိုယ်ပိုင်ကားနဲ့မောင်းရင်တောင် အ​​ဖော်တစ်ယောက်ပါမှသွားပါ တက်စီ စီးရင်လဲ တစ်ယောက်ထဲမစီးပါနဲ့ အဖော်နဲ့စီးပါလမ်းသွားနေရင်း ဖုန်းပြောပီး သတိလက်လွတ်မဖြစ်မိပါစေနဲ့ ဖြစ်နိုင်ရင် ဖုန်းကို လက်ကမကိုင်ပဲ အိတ်ထဲထည့်ထားပါ အရေးကြီးမှ ထုတ်ပြောပါ။

တော်တော်အခြေနေဆိုးနေလို့ပါ အပြင်သွားရင် တစ်ယောက်ထဲ လုံးဝမသွားကြပါနဲ့ လို့ သတိပေးချင်ပါတယ်”ဆိုကာ မြန်မာနိုင်ငံပြည်သူပြည်သားတွေအတွက်သတိပေးစကားပြောကြားလာခဲ့တာပါ။ CeleG​abarပရိသတ်တွေလည်းမေမြတ်နိုးရဲ့သတိပေးစကားအတိုင်း သတိထားကာသွားလာကြဖို့ အသိပေးလိုက်ပါတယ်နော်။


Koe -CeleGabar
Source – MayMyat Noe






Koe -CeleGabar
Source – MayMyat Noe