” အိမ်မိုးမလုံဘဲနေစရာ အခက်အခဲဖြစ်နေလို့သူမအားအကူအညီတောင်းခံခဲ့တဲ့မိသားစုကို အိမ်လေး မိုးလုံလေလုံဖြစ်သွားတဲ့ထိကူညီထောက်ပံ့ခဲ့တဲ့ မေနွယ်ထွန်း”
CeleGabarပရိသတ်ကြီးရေ မေနွယ်ထွန်းကတော့ ပွင့်လင်းဖော်ရွေကာ တစ်ဖက်သားအပေါ်အမြဲကူညီချင်စိတ်အပြည့်ရှိတဲ့ အနုပညာရှင်တွေထဲကတစ်ဦးလို့ပဲဆိုရမှာပါ။ဇာတ်လမ်းတွဲတချို့မှာပါဝင်ခဲ့ပြီးနောက်အခုနောက်ပိုင်းမှာlive saleတွေမှာလည်း နာမည်ကြီးတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်ပါ။
Single Motherဖြစ်ပေမယ့် ဘဝကိုကြိုးစားကာ သားလေးနဲ့အတူ အေးချမ်းပျော်ရွှင်စွာဖြတ်သန်းလျက်ရှိတာပါ။အပြင်အလှူအတန်းတွေကိုလည်းရရင်ရသလို ကိုယ်တိုင်သွားရောက်လှူဒါန်းတဲ့အပြင် သူမရဲ့အကောင့်နဲ့Pageတွေမှာ လာရောက်အကူအညီတောင်းခံတဲ့ သူတွေကို သူမအနေနဲ့ တတ်နိုင်သလောက်အမြဲတမ်းကူညီဖေးမလေ့ရှိတဲ့သူတစ်ယောက်ပါ။
လက်ရှိမှာလည်း”အဲ့အန်တီရဲ့ အိမ်လေး မိုးလုံလေလုံဖြစ်သွားပြီသူ့က​လေးတွေလဲ လွယ်အိတ်ဝယ်ပေးနိုင်သွားပြီမို့ဆွိနဲ့အတူ ပါဝင်လှူဒါန်းပေးကြတဲ့ တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ရှင်။ ထပ်လိုတဲ့ငွေလဲကျမပဲထပ်စိုက်လှူလိုက်တယ်။ လူတဖက်သား ဒုက္ခကို ကူညီကောင်းပါတယ်။ နိုင်သလောက်လေးပါ။ ထပ်တူကုသိုလ်ရကြပါစေ🙏🙏🙏🙏🙏”ဆိုတဲ့စာလေးနဲ့ နေစရာမိုးမလုံလို့်ခက်အခဲဖြစ်နေတဲ့သူရဲ့အကူအညီတောင်းမှုကို ကူညီဖြေရှင်းပေးခဲ့တာ​ပါ။CeleGabarပရိသတ်တွေလည်းမေနွယ်ထွန်းရဲ့နိုင်သလောက်ကုသိုလ်အလှူလေးအတွက် သာဓုခေါ်ခဲ့ကြပါဦးနော်။
Koe-CeleGabar
Source- Sweet
Koe-CeleGabar
Source- Sweet
Check Also
” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”
CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …
x