ဟိန်းထက်ကို အရူးအမူးကြိုက်တဲ့ မိန်းကလေး ပရိသတ်တွေကြည့်သင့်တဲ့ ဗီဒီယိုလေး

Posted on

ပရိသတ်ကြီးရေ .. MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ငွေစက္ကူ (၇) ရွက်ဆိုတဲ့ ဇာတ်လမ်းကနေစပြီး ပရိသတ်တွေ တခဲနက်ဝန်းရံအားပေးခြင်းခံခဲ့ရတဲ့ ဟိန်းထက်ကတော့ မိန်းကလေး ပရိသတ်တွေ အသည်းစွဲ မင်းသားတစ်ယောက်ဆိုတာ သိပြီဖြစ်မှာပါနော် ။ အခုနောက်ပိုင်း ဇာတ်လမ်းတွဲတော်တော်များများ မှာ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ကို ဝန်းရံအားပေးကြတဲ့ ပရိသတ်တွေလည်းများပြားလာခဲ့ပါတယ် ။

အထူးသဖြင့် မိန်းကလေး ပရိသတ်တွေ အများအပြားရှိပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပျိုတိုင်းကြိုက်တဲ့ မင်းသားလေးလို့တောင်ဆိုရမှာပါ ။ လတ်တလောမှာတော့ မိန်းကလေး ပရိသတ်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေမယ့် ဗီဒီယိုလေးတစ်ခုကို သူ့ရဲ့ Official Page ကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။ မင်းသာ ကိုယ့်ကောင်မလေးဖြစ်ခဲ့ရင်… ဆိုတဲ့စာသားလေးနဲ့အတူ ဗီဒီယိုကိုကြည့်နေတဲ့ သူတွေအားလုံး ဟိန်းထက်ရဲ့ ကောင်မလေးလို့ ကိုယ့်ကိုယ်ကို မြင်ယောင်လာအောင် စိတ်ကူးယဉ် ဆန်ဆန် လေးရိုက်ကူးထားတာဖြစ်ပြီး ခဏလေးအတွင်းမှာပဲ ကြည့်ရှုသူ သောင်းချီခဲ့တာဖြစ်ပါတယ် ။

ဟိန်းထက်က သူ့ရဲ့အမာခံဖန်တွေဖြစ်တဲ့ ပရိသတ်တွေကို ကိုယ်သွားတဲ့နေရာတိုင်း အဲ့လိုလက်လေးဆွဲပြီး ခေါ်သွားမယ်နော် Hily ဆိုပြီး အသည်းတွေခြွေလိုက်ပါသေးတယ် ပရိသတ်ကြီးရေ ..။ တကယ်လို့သင်သာ ဟိန်းထက်ကို အရမ်းကြိုက်တဲ့ ပရိသတ်တစ်ယောက်ဖြစ်မယ်ဆိုရင် ဒီဗီဒီယိုလေးကိုကြည့်ဖြစ်အောင် ကြည့်လိုက်ပါနော် ။

https://www.facebook.com/heinhtetuniverse/videos/282542253017450/

Source : Hein Htet
Emily (Cele Gabar)