“လစဥ်ထောက်ပံ့​နေတဲ့အဘွားအိုနဲ့ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့စိတ်မကောင်းစရာအဖြစ်အပျက်လေးကို ပြောပြရင်ဖွင့်ခဲ့တဲ့မိုးစက်”

Posted on

CeleGabarပရိသတ်ကြီးရေ မိုးစက်ကတော့အမြဲသက်ကြီးရွယ်အိုတွေကိုပဲဦးစားပေးလှူဒါန်းတတ်တဲ့သူပဲ ဖြစ်ပါတယ်။ လတ်တလောသူလှူဒါန်းထောက်ပံ့မှုနဲ့ပတ်သက်ပြီးကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးကိုဝေမျှလာခဲ့တာပါ။

“အသက် (၉၀)ကျော် အဖွားကို ထောက်ပံ့ဖြစ်ရင်းနဲ့ သူနဲ့ အတူနေတဲ့ (၅၀)ကျော်အရွယ် သမီးဖြစ်သူရှိတာကို သိလိုက်ရတယ် ။သမီးဖြစ်သူက ခြေထောက်မကောင်းလို့ လမ်းမလျှောက်နိုင်တာ လ တော်တော်ကြာပြီတဲ့ ။တကယ်လဲအရမ်းကြီးတော့ မလျှောက်နိုင်ပေမယ့်အိပ်ယာထဲ လဲနေသူတော့ မဟုတ်ပါဘူး ။ဒီလိုနဲ့ နေပူမရှောင် ၊မိုးရွာမရှောင် စျေးထွက်ရောင်းနေရတဲ့ အဖွားကို ၊ ပူးပေါင်းပါဝင်သူများကြောင့် တစ်လကို တစ်သိန်းကျပ် (၁၁)လ တိတိ ထောက်ပံ့ဖို့ အစီအစဉ် ဆွဲလာခဲ့တယ် ။အိမ်လခ အတွက် စာချုပ်ပေးပြီးတဲ့ အပြင်တစ်လ တစ်သိန်းနဲ့ (၁၁)လ ချုပ်ပေးဖို့ စီစဉ်ထားတော့ အဖွားသက်သာပြီလို့ တွေးထားမိတာပေါ့ ။ဒါပေမယ့် ထင်မထားတာတွေ ဖြစ်လာခဲ့ပါတယ်…အဖွားက အမြဲတမ်း စျေးထွက်ရောင်းနေရပြီးငွေကို အမြဲရှာနေရတယ်။အဓိက ငွေယိုစိမ့်မှူဟာ…အိမ်ထဲမှာ ဘာမှမလုပ်ဘဲ လောင်းကစား(၂လုံး၊၃လုံး)ဆော့ ၊ စျေးတစ်ရက်မထွက်ရင်လဲပူညံ ပူညံလုပ်နေတဲ့ သမီးဖြစ်သူကြောင့်ပါဘဲ။အဖွား စျေးမထွက်ရင်လဲ စျေးမထွက်လို့အပြစ်တွေပြောနေရှာတာပေါ့ ။

အစက မယုံကြည်ပေမယ့် ကျွန်တော်သူတို့အိမ်ရှေ့ရောက်နေချိန်မှာ ကြားလိုက်ရတဲ့အတွက် အဖွားအတွက် စိတ်မကောင်းဖြစ်ခဲ့ရတာပေါ့ဗျာ။သူ နှစ်လုံးဆော့ ဖို့ ကုန်သွားတဲ့အချိန်ဆိုကျွန်တော် လစဉ်ထောက်ပံ့မယ်ပြောထားတဲ့ ငွေကိုလဲ မကြာခဏဆိုသလို ဖုန်းတွေဆက်ခိုင်းပြီးလှမ်းလှမ်းတောင်းနေတော့တာပါဘဲ။အဓိကတော့ အလှူငွေကို ကျွန်တော့်ဆီမှာအကြွေးတောင်းသလို တောင်းချင်နေတာပါ ။လစဉ်ပြောချင်တဲ့စကားတွေ မြိုသိပ်ပြီး အဖွားအတွက် တစ်လချင်းပုံမှန်ပေးနေပေမယ့်
ဒီနေ့တော့ စိတ်ထဲလုံးဝမကောင်းတာကြောင့်ကျန်ရှိနေတဲ့ (၅)လ ကျန်ငွေ (၅)သိန်းကျပ်ကိုအိမ်ရှင်နဲ့ အိမ်နီးနားချင်းများရှေ့မှာ ပေးခဲ့ပါတယ် ။အဖွားကတော့ ဒီနေ့လို မိုးအုံ့အုံ့လေးမှာတောင်စျေးရောင်းဖို့ အပြင်ထွက်ရသတဲ့…စိတ်မကောင်းဖြစ်ရရုံကလွဲလို့ ပြောစရာစကားမရှိတော့ပါဘူး ။အဲ့ဒီတော့ တွေးထားတာတစ်ခုဘဲအဖွားအပြင်ကို စျေးရောင်းထွက်ရင် စားချင်တာ ကျွေးလိုက်မယ် ၊သုံးချင်တာ ပေးလိုက်မယ် ။အဖွားတစ်ယောက် ဒီဘဝသက်တမ်းကုန်လို့နောက်ဘဝတွေများ ရောက်ခဲ့ရင်
ဆင်းရဲဒုက္ခကင်းဝေးပြီး ၊သားကောင်းသမီးကောင်းများသာ
ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ။🙏”ဆိုကာ အဖြစ်အပျက်ကို ပြောပြခဲ့တာပါCeleGabarပရိသတ်ကြီးရေ။

Koe- CeleGabar
Source- MoeSat
ZawgyiFontဖြင့်ဖတ်ရန်

“လစဥ်ထောက်ပံ့​နေတဲ့အဘွားအိုနဲ့ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့စိတ်မကောင်းစရာအဖြစ်အပျက်လေးကို ပြောပြရင်ဖွင့်ခဲ့တဲ့မိုးစက်”

CeleGabarပရိသတ်ကြီးရေ မိုးစက်ကတော့အမြဲသက်ကြီးရွယ်အိုတွေကိုပဲဦးစားပေးလှူဒါန်းတတ်တဲ့သူပဲ ဖြစ်ပါတယ်။ လတ်တလောသူလှူဒါန်းထောက်ပံ့မှုနဲ့ပတ်သက်ပြီးကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးကိုဝေမျှလာခဲ့တာပါ။

“အသက် (၉၀)ကျော် အဖွားကို ထောက်ပံ့ဖြစ်ရင်းနဲ့ သူနဲ့ အတူနေတဲ့ (၅၀)ကျော်အရွယ် သမီးဖြစ်သူရှိတာကို သိလိုက်ရတယ် ။သမီးဖြစ်သူက ခြေထောက်မကောင်းလို့ လမ်းမလျှောက်နိုင်တာ လ တော်တော်ကြာပြီတဲ့ ။တကယ်လဲအရမ်းကြီးတော့ မလျှောက်နိုင်ပေမယ့်အိပ်ယာထဲ လဲနေသူတော့ မဟုတ်ပါဘူး ။ဒီလိုနဲ့ နေပူမရှောင် ၊မိုးရွာမရှောင် စျေးထွက်ရောင်းနေရတဲ့ အဖွားကို ၊ ပူးပေါင်းပါဝင်သူများကြောင့် တစ်လကို တစ်သိန်းကျပ် (၁၁)လ တိတိ ထောက်ပံ့ဖို့ အစီအစဉ် ဆွဲလာခဲ့တယ် ။

အိမ်လခ အတွက် စာချုပ်ပေးပြီးတဲ့ အပြင်တစ်လ တစ်သိန်းနဲ့ (၁၁)လ ချုပ်ပေးဖို့ စီစဉ်ထားတော့ အဖွားသက်သာပြီလို့ တွေးထားမိတာပေါ့ ။ဒါပေမယ့် ထင်မထားတာတွေ ဖြစ်လာခဲ့ပါတယ်…အဖွားက အမြဲတမ်း စျေးထွက်ရောင်းနေရပြီးငွေကို အမြဲရှာနေရတယ်။အဓိက ငွေယိုစိမ့်မှူဟာ…အိမ်ထဲမှာ ဘာမှမလုပ်ဘဲ လောင်းကစား(၂လုံး၊၃လုံး)ဆော့ ၊ စျေးတစ်ရက်မထွက်ရင်လဲပူညံ ပူညံလုပ်နေတဲ့ သမီးဖြစ်သူကြောင့်ပါဘဲ။အဖွား စျေးမထွက်ရင်လဲ စျေးမထွက်လို့အပြစ်တွေပြောနေရှာတာပေါ့ ။