ပရိသတ်ကြီးရေ တခေတ်တစ်ခါက ပရိသတ်တွေ အသည်းစွဲအားပေးခဲ့ကြတဲ့ ဆံပင်ရှည်ကြီးနဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ လင်းဇာနည်ဇော်က တော့ အနုပညာအလုပ်တွေ ခြေလှမ်းကျဲ သွားခဲ့ပေမယ့် ချစ်စရာကောင်းတဲ့ သမီးလေး မြူလင်းကိုကို နဲ့ အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲဖြစ်ပါတယ် ။ သြစတျေးလျမှာကျောင်းတက်နေတဲ့ သမီးလေး မြူလင်း ပြန်လာတဲ့အချိန်ဆို သူမက အရမ်းကိုပျော်နေတာပါ ပရိသတ်ကြီးရေ ..။
လတ်တလောမှာတော့ မနက်ဖြန် ဇူလိုင်လ (၁၉) ရက်နေ့မှာကျရောက်မယ့် သူမရဲ့ မွေးနေ့အတွက် သို့ ကြွက်ကလေး..မေမေ့မွေးနေ့မနက်ဖြန်သိလား အလုပ်များပီးမေ့သွားတယ်တို့ဘာတို့မရှိရအောင် ကြိုသတိပေးထားတာ မီးမီးစုဗူးရှာရခက်မှာစိုးလို့မေမေအခန်းရှေ့မှာချပေးထားမယ် တော်သေးပြီ မေမေ ဆိုတဲ့စာသားလေးနဲ့ အတူ ချစ်စဖွယ် သတိပေးစကားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြထားပါတယ် ။
Single Mother တစ်ယောက်အဖြစ်နဲ့ သမီးလေး မြူလင်းရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပြီးနေခဲ့တဲ့ မေမေ လင်းဇာနည်ဇော်ကတော့ မြူလင်းလေးကို အရမ်းချစ်တဲ့ မိခင်တစ်ယောက်လို့ဆိုရမှာပါ ပရိသတ်ကြီးရေ ..။ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့သူမတို့ သားအမိ နှစ်ယောက်ရဲ့ ချစ်စဖွယ် ဆက်ဆံရေးလေးကို ပရိသတ်တွေလည်း ထပ်တူ ကြည်နူးနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Lin Zarni Zaw
Emily (Cele Gabar)