ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးမန်းဝင်းအတွက် ရက်လည်ဆွမ်းသွတ်ကုသိုလ်ပြုပေးခဲ့တဲ့ ပုံရိပ်များ

ပရိသတ်ရဲ့အချစ်တော် ဟာသလူရွှင်တော်ကြီးဦးမန်းဝင်းကတော့ လွန်ခဲ့တဲ့တစ်ပတ်က ဆုံးပါးသွားခဲ့ပြီး မိသားစုဝင်တွေသာမက ပရိသတ်တွေပါ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။ သူ့ဘဝတစ်သက်တာလုံး ပရိသတ်တွေအတွက်ပဲ ဖျော်ဖြေရင်း အချိန်ကုန်ဆုံးခဲ့ပြီး အသက်(၇၈) မှာ ဘဝတစ်ပါးကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဦးမန်းဝင်းရဲ့နာရေးကိုတော့ မိတ်ဆွေအပေါင်းအသင်းများသာမက ပရိသတ်တွေပါ စည်စည်ကားကား လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ဒီနေ့ကတော့ ဦးမန်းဝင်းရဲ့ ရက်လည်နေ့လေးဖြစ်ပြီး နေအိမ်မှာ ရက်လည်ဆွမ်းသွတ်တရားနာယူခဲ့တဲ့ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဘဝတစ်သက်တာလုံး ပရိသတ်တွေရဲ့ ဘဝအမောတွေေဖြေဖျောက်ပေးတဲ့ လူရွှင်တော်ကြီးတစ်ယောက်အနေနဲ့ အကောင်းဆုံးတာဝန်ကျေခဲ့တဲ့ ဦးမန်းဝင်းတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဦးမန်းဝင်းအတွက် နေအိမ်မှာပြုလုပ်ပေးခဲ့တဲ့ ရက်လည်ဆွမ်းသွတ်တရားနာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Man Win- Joker
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x