” သံဃာတော်များနဲ့ယောဂီများ ရေသောက်သုံးရန်အတွက် ဘုန်းကြီးကျောင်းမှာထာဝရဒါနရေစင်အလှူလေး လှူဒါန်းခဲ့တဲ့နေဆန်း”

CeleGabar ပရိသတ်ကြီးရေ နေဆန်းကတော့ ဟာသ ဗီဒီယိုဖိုင် နဲ့ ပညာပေးဗီဒီယိုဖိုင်လေးတွေကို ရိုက်ကူးရင်းပရိသတ်တွေ သတိထားမိကာ အားပေးဝန်းရံခံခဲ့ရတဲ့သူတစ်ယောက်ပါ။ သူ့အနေနဲ့ မိန်းမအသွင် နဲ့ ယောကျာ်းလေးအသွင်နှစ်ခုလုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူ့အနေနဲ့ အောင်မြင်လာတာနဲ့အမျှ မိဘအပေါ်မှာလည်း အရမ်းကိုသိတတ်လွန်းသူဖြစ်တာကြောင့် မြင်သူတိုင်းက နေဆန်းရဲ့ လိမ္မာမှု ကို မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲနော်။ အလှူအတန်းဆိုလည်း ဘယ်အချိန်ဖြစ်ဖြစ်သဒ္ဓါတရားထက်သန်ကာ စိတ်ရောလူရော နှစ်ကာ ပြုလုပ်တတ်တဲ့ သူတစ်ယောက်ပါ။


လက်ရှိမှာလည်း”ဖေဖေနဲ့အတူဘုန်းကြီးကျောင်းမှာ သံဃာတော်များယောဂီများ ရေသောက်သုံးရန်အတွက် ထာဝရဒါန ရေစင်အလှူလေး 🙏🏻”ဆိုတဲ့စာလေးနဲ့အတူလှူဒါန်းမှုပုံရိပ်လေးကိုတင်လာခဲ့တာပါ။CeleGabarပရိသတ်တွေလည်းနေဆန်းရဲ့ ကုသိုလ်လေးအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Koe- CeleGabar
Source-NaySan
ZawgyiFontဖြင့်ဖတ်ရန်







Koe- CeleGabar
Source-NaySan

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x