CeleGabarပရိသတ်ကြီးရေခိုင်နှင်းဝေလို့ပြောလိုက်တာနဲ့ ပရဟိတမိခင်ကြီးလို့အများကသိကြမှာပါ။စွန့်ပစ်ကလေးငယ်တွေကို ခေါ်ယူမွေးစားကာ ခိုင်နှင်းေဝဂေဟာကြီးကိုးစီတည်ထောင်လျက်ရှိတဲ့ မင်းသမီးတစ်လက်ဖြစ်တာကြောင့် ပရိသတ်တွေကလည်းလေးစားဂုဏ်ယူလျက်ရှိတာပါ။
တော်ရုံလူတွေမလုပ်နိုင်တဲ့ အလုပ်ဖြစ်တဲ့အပြင် အစစအရာရာမေတ္တာနဲ့ပြုစုရတဲ့ကလေးတွေကို မိဘရင်းသဖွယ်ပြုစုစောင့်ရှောက်နေတဲ့ခိုင်နှင်းဝေကတော့ တကယ့်ကို တန်ဖိုးရှိတဲ့အနုပညာမင်းသမီးတစ်လက်ပါပဲ။ဒါ့အပြင်ပရဟိတနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုအမြဲတိုးချဲ့လုပ်ဆောင်ကာ မိဘမဲ့ကလေးတွေအပြင် ခြေတုအခမဲ့တပ်ဆင်ပေးတဲ့ပရဟိတအလှူလေးကိုလည်း အမြဲပြုလုပ်လျက်ရှိတာပါ။
ဒီနေ့မှာလည်း”ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ စုပေါင်း ကုသိုလ်..🙏🙏🙏…”ဆိုကာ လှူဒါန်းကူညီခဲ့တဲ့ခြေတုတပ်ဆင်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။CeleGabarပရိသတ်တွေလည်းခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့ကုသိုလ်အလှူတွေအတွက်သာဓုခေါ်မုဒိတာပွားခဲ့ကြပါဦးနော်။
Koe-CeleGabar
Soure :Khine Hnin Wai
ZawgyiFontဖြင့်ဖတ်ရန်
“ခုနှစ်ရက် သားသမီးများ အားလုံးကြည်နူးမုဒိတာပွားစေမယ့်ခြေတုတပ်ဆင်ပေးခဲ့တဲ့ ကုသိုလ်ပုံရိပ်လေးတွေကို တင်လာခဲ့တဲ့ ခိုင်နှင်းဝေ”
Koe-CeleGabar
Soure :Khine Hnin Wai