ယောကျာ်းပီသခန့်ညားပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ မင်းသားနိုင်နိုင်းကတော့ အခုဆိုရင် ကလေးလေးယောက်နဲ့ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို တည်ဆောက်ထားသူတစ်ယောက်ပါ။ သူ့ရဲ့မိသားစုကတော့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ နေထိုင်ပြီး နိုင်နိုင်းကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလုပ်ရင်း အသွားအပြန်လုပ်လေ့ရှိသူပါ။
ကလေး လေးယောက်ရှိပြီဖြစ်ပေမယ့် အမြဲတမ်းလတ်ဆတ်ပြီး ချစ်ခြင်းမေတ္တာတွေပြည့်နေတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ရဲဘော်လေးတွေဆီပြန်တိုင်းလည်း ပျော်စရာအချိန်တွေကို ပရိသတ်တွေကို မျှဝေလေ့ရှိစမြဲပါ။ ဒီတစ်ခေါက် ကိုဗစ်ကာလမှာလည်း ခက်ခက်ခဲခဲနဲ့ ရဲဘော်လေးတွေဆီကို လေယာဉ်သုံးဆင့်စီးပြီး သွားကာ ကလေးတွေရုတ်တရက်ပျော်ရွှင်သွားအောင် ပြန်ရောက်ကြောင်းကို Surprise လုပ်ခဲ့ပါတယ် ပရိသတ်ကြီးရေ…
သူ့ရဲ့ လေယာဉ်ခရီးစဉ်တိုင်းကို မှတ်တမ်းတင်ကာ ပရိသတ်တွေကိုမျှဝေခဲ့ပြီး ဒီနေ့မှာတော့ သူပြန်ရောက်မယ်ဆိုတာ ရဲဘော်လေးတွေကို အသိမပေးဘဲ Surprise လုပ်ထားတဲ့ဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ်။ အဝေးက ဖခင်ပြန်ရောက်လာတဲ့အချိန်မှာ ပျော်ရွှင်မြူးတူးသွားတဲ့ကလေးတွေရဲ့အပျော်က ကြည့်ရှုသူတွေကိုပါ ကူးစက်စေမှာအမှန်ပါ။ မြင်တွေ့လိုက်တိုင်းကြည်နူးစရာကောင်းလွန်းတဲ့ နိုင်နိုင်းတို့ သားအဖတွေရဲ့ဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source- Actor 99
Rainbow- Cele Gabar