CeleGabar ပရိသတ်ကြီးရေ သဉ္ဇာနွယ်ဝင်းကတော့ သရုပ်ဆောင်မင်းသမီးဟောင်းတစ်ဦးဖြစ်ပြီးအခုဆိုရင် အိမ်ထောင်ကျကာ သားနဲ့သမီးလေးကိုပိုင်ဆိုင်ထားတဲ့ကလေးနှစ်ယောက်မိခင်ပဲ ဖြစ်ပါတယ်။အနုပညာအလုပ်ေတွရပ်နားခဲ့ပေမယ့်လည်း သူမအနေနဲ့ ကိုယ်ပိုင်စီးပွားရေးကိုလည်းလုပ်ကိုင်နေသူပါ။
အိမ်ထောင်သက်ကြာလာပေမယ့်လည်း သားသမီးနှစ်ယောက်မိခင်လို့မထင်မှတ်ရလောက်အောင် သဥ္ဇာကတော့တစ်သားမွေးတစ်သွေးလှဆိုသလို တနေ့တခြားပိုပိုနုပျိုကာလှပနေတာပဲ ဖြစ်ပါတယ်။ ”အရင်တုန်းက စိတ်အနှောက်အယှက် ဖြစ်စေတဲ့ အကြောင်းအရာတွေ၊ ကိုယ့်အပူ သူများကိုကူးသွားစေမဲ့ အကြောင်းတွေ၊ ကိုယ့်ကြောင့် အကုသိုလ်ဖြစ်စေတဲ့အကြောင်းအရာတွေဆို စိတ်မထိန်းနိုင်ပဲ publicကို အရမ်းပြခဲ့မိတယ်။ နောက်ပိုင်းတော့ လူဆိုတာ ဘယ်နေ့အထိ ကျန်းကျန်းမာမာနဲ့ စိတ်ချမ်းချမ်းသာသာ နေရမလဲဆိုတာ အရမ်းကို ခန့်မှန်းရခက်တဲ့ အတွက် ကိုယ့်ကြောင့် အနှုတ်လက္ခဏာ ဖြစ်စေမဲ့ အကုသိုလ်တွေ အပူတွေကို သူများကိုမပေးချင်တော့ဘူး။
ကိုယ်ကဲ့ရဲ့ခဲ့တဲ့ သူက ကိုယ့်အပေါ်မှာ ကျေးဇူးရှိတဲ့သူ ဖြစ်လာနိုင်တယ် ကိုယ်အထင်သေးတဲ့သူက ကိုယ့်ထက် တော်တဲ့သူလည်း ဖြစ်နေနိုင်တယ် ကိုယ်စော်ကားတဲ့သူက ကိုယ့်ထက်အစပေါင်းများစွာ ယှဉ်လို့မရအောင်ဘုန်းကံ ကြီးတဲ့သူလည်း ဖြစ်နိုင်တဲ့အတွက် စိတ်ထဲကဖြစ်လာတဲ့ အဲ့ဒီစိတ်ကလေးကို ကိုယ့်စီမှာပဲ ဖျောက်လိုက်တာကောင်းပါတယ်။”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။CeleGabarပရိသတ်တွေလည်း သဥ္ဇာနွယ်ဝင်းရဲ့အေးချမ်းလှတဲ့စိတ်ထားလေးကို သဘောကျကြမယ်ထင်ပါတယ်နော်။
Koe-CeleGabar
Source- ThinzarNweWin
” အရင်ကတစ်ခုခုဆိုစိတ်မထိန်းနိုင်ဘဲ publicကို အရမ်းချပြခဲ့ပေမယ့်အခုချိန်မှာ ပြောင်းလဲလာတဲ့ သူမရဲ့စိတ်ထားလေးကို ပြောပြလာတဲ့သဉ္ဇာနွယ်ဝင်း”
Koe-CeleGabar
Source- ThinzarNweWin