တစ်ချိန်ကပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်သလို အနုပညာအလုပ်တွေကျဲသွားတဲ့အချိန်အထိ ပရိသတ်တွေအားပေးမှုကိုရရှိတဲ့သူတွေထဲမှာတော့ စမိုင်းလ်လည်းပါဝင်ပါတယ်။ စမိုင်းလ်ကတော့ ကိုယ်ပိုင်မိသားစုဘဝလေးကို အောင်မြင်ပျော်ရွှင်စွာတည်ဆောင်ထားနိုင်သလို သူ့ရဲ့စိတ်စေတနာကောင်းမွန်မှုကြောင့်လည်း လေးစားခံရတဲ့သူတစ်ယောက်လို့ဆိုရမှာပါ။
လက်ရှိအချိန်မှာ ပုံမှန်ဘဝဖြတ်သန်းမှုကနေ သာသနာ့ဘောင်ကိုခေတ္တဝင်ရောက်နေတာဖြစ်ပြီး တကယ့်ကိုလေးစားစရာလုပ်ရကပ်လို့ဆိုရမှာပါ။ စမိုင်းလ်ကတော့ ကုသိုလ်ယူလိုသူတွေအတွက် သတင်းကောင်းကို ” အောင်ဇမ္ဗူတောရ ( ဂျပန်ဘုရားကျောင်း ) မှော်ဘီ
ပြန်ဖွင့်ပြီနော်…၃၀၁ဆူသောရှေးဟောင်းတန်ခိုးကြီးဘုရားတွေဖူးရင်း ဧက ၃၀ကျယ်တဲ့ ဘုရားကျောင်းကြီးမှာ တစ်နေကုန်နေလို့ရတယ်။ ဝင်ကြေးလည်းပေးစရာမလို ပုဂံဘုရားပုံတူတွေလည်းဖူးရမယ် ကလေးတွေအတွက်ကစားစရာတွေ တိရစ္ဆာန်လေးတွေလည်းရှိတယ် ကစားတဲ့နေရာတွေ အပန်းဖြေတဲ့နေရာအစုံပဲ ဓါတ်ပုံရိုက်တာကြိုက်ရင်တော့ တစ်နေကုန်ရိုက်နေလို့ရတယ်။ စတုဒီသာကျွေးတာနဲ့ ကြုံရင်နေ့လည်စာပါအလကားစားလို့ရတယ်။” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားတာပါ။
စမိုင်းလ်ကတော့သူကိုယ်တိုင်လည်း အောင်ဇမ္ဗူတောရမှာမယ်သီလရှင်ဝတ်နေတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အခြားကုသိုလ်ယူလိုသူတွေအတွက်လည်း သတင်းကောင်းတွေပါးလိုက်တာလို့ ဆိုရမှာပါ။
Source : စမိုင်းလ် Smile