မင်းသားချောခါရာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲအသစ်ရဲ့ Official Teaser ထွက်ရှိလာ

Posted on

မင်းသားချောခါရာကတော့ အမိုက်စားဘော်ဒီနဲ့အတူ သရုပ်ဆောင်ပီပြင်ကောင်းမွန်တာကြောင့် ပရိသတ်တွေအသိအမှတ်ပြုခံထားရသူတစ်ယောက်ပါ။ ခါရာကတော့ “မြို့ပြမုဆိုး” “မျက်နှာပြင်များ” အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေမှာသတိထားမိခဲ့ပြီး “လိပ်ပြာ – အမှန်တရားရဲ့ဓားတစ်လက်” “မနေ့ကဖြစ်သည်-၂” စတဲ့ဇာတ်လမ်းတွဲတွေကြောင့်လည်း လူကြိုက်များကြပါတယ်။

ခါရာကတော့ အကြမ်းစားအက်ရှင်သရုပ်ဆောင်ချက်တွေမှာပီပြင်သလို ပရိသတ်မကြည့်ဖူးသေးတဲ့ ဇာတ်ရုပ်နဲ့လည်း ဖမ်းစားဦးမှာပါ။ အခုဆိုရင် မကြာမီတုတ်လွှင့်မယ့် ဇာတ်လမ်းတွဲအသစ်လေးကို မိတ်ဆက်ပေးလိုက်တာပါ။ ဒီဇာတ်လမ်းလေးကတော့ ထူးခြားဆန်းကြယ်စိတ်ကူးယဉ်အချစ်ဒရမ်မာဇာတ်လမ်းတွဲလေးဖြစ်ပြီး နာမည်ကတော့ “ရင်ခုန်သံ ၇၄ ရက်” ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ Official Teaser ကိုတော့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါပြီ။ ဒီဇာတ်လမ်းတွဲကို MNTV ရုပ်သံလိုင်းကနေ ဒီဇာတ်လမ်းတွဲမှာမင်းသားချောခါရာနဲ့အတူ လိပ်ပြာဇာတ်လမ်းတွဲမှာလိုက်ညီညီသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောမြတ်နိုးအေးကလည်းပါဝင်ထားတယ်လို့ သိရပါတယ်။ ထူးခြားဇာတ်အိမ်တည်ဆောက်ပုံနဲ့အတူ ပရိသတ်တွေအကြိုက်တွေ့စေမယ့်ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့် ကြည်ဖို့ရယ်ဒီပဲလား ပရိသတ်ကြီးရေ…


Source : KharRa