ပိုပိုနဲ့အတူ အနုပညာမောင်နှမတွေဖန်တီးထားတဲ့ “ဘုရားရှိခိုးပါ” သီချင်းအသစ်လေး

Posted on

ပျော်ပျော်ရွှင်ရွှင်နဲ့ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ အဆိုတော်မလေးပိုပိုကတော့ ပရိသတ်တွေကိုအနုပညာဖန်တီးမှုအသစ်တွေဖန်တီးပေးဖို့ကြိုးစားနေသူတစ်ယောက်ပါ။ ပိုပိုကတော့ ဘဝမှာကိုယ့်ထူးကိုယ်ချွန်ကြိုးစားပြီး အောင်မြင်လာတာကြောင့်လည်း လေးစားစရာကောင်းတဲ့ သူတစ်ယောက်ပါ။


ပိုပိုကတော့ ” ဖြေ” ဆိုတဲ့အဆွေးသီချင်းလေးကို မကြာသေးခင်ကမှ ထွက်ရှိလာခဲ့ပါသေးတယ်။ အခုလည်း အနုပညာမောင်နှမတွေနဲ့အတူဖန်တီးထားတဲ့ သီချင်းလေးကို ဘုရားရှိခိုးပါ စိတ်ညစ်စရာတွေ ဘယ်လောက်ပဲကြုံကြုံ အဲ့ဒုက္ခတွေကို တွန်းလှန်ဖို့အတွက် “ဘုရားရှိခိုးပါ… သီချင်းလေးကို နားထောင်ရင်း အားအင်အပြည့်နဲ့ ဆက်လျှောက်ရအောင်။ ပိုပိုနဲ့အတူ ဟိဏ်းသစ်၊ မင်းခန့်၊ သိန်းဇော်၊ ဆူဇီ၊ ကေကေမိုး၊ Lဇာတာကြည်ဖြူ၊ ချယ်ရီသင်း၊ မိဖူး၊ ယွန်းအိကျော် တို့က အတူတူ အားဖြည့်ရင်း မောင်နှမတွေ ပျော်ပျော်ပါးပါး သီဆိုထားပါတယ်။ ကဲ ကြာတယ်ကွာ နားထောင်ပြီး Share လိုက်တော့” ဆိုပြီးတော့ ဒီနေ့မှာ ထပ်မံမျှဝေလာပါသေးတယ်။

အချစ်သီချင်းလေးတွေနဲ့ပရိသတ်တွေကြိုက်နှစ်သက်ရသူပိုပိုကတော့ ဒီတစ်ခါမှာလည်း ပရိသတ်တွေအတွက် မတူတဲ့ပုံစံလေးတွေနဲ့ဖန်တီးပေးလာခဲ့ပါပြီ။ ပရိသတ်တွေကတော့ ဒီသီချင်းလေးနားထောင်ပြီး ကောင်းမွန်တဲ့မှတ်ချက်တွေပေးခဲ့ကြပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…

Source : ပိုပို