(၂၀၁၈) ခုနှစ်အကယ်ဒမီ ရွှေကြိုအဖြစ်ပါဝင်ခဲ့ရာကနေ အနုပညာလောကထဲကို ရောက်ရှိလာခဲ့တဲ့ လူကြမ်းမင်းသား ကိုကိုဦးရဲ့ သားဖြစ်သူ သီဟအောင်ကတော့ မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ လူငယ်အနုပညာရှင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ် ။ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ Music Video လေးတွေရိုက်ကူးနေပြီး သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ ပရိသတ်တွေကို မျှဝေပေးနေတာပါ ။
လတ်တလောမှာတော့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ တေးသံရှင်ဟဲလေးက အိမ်တိုင်ရာရောက် Surprise လုပ်သွားတဲ့အကြောင်း ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ကိုကြီး ဟဲလေး ကိုယ်တိုင် guitar တစ်လက်ကို အိမ်တိုင်ရာရောက် surprise လုပ်ပြီး လက်ဆောင် လာပေးသွားတယ် ကျွန်တော်ဘယ်လိုမှလည်း မထင်မှတ်ထားရတဲ့ကိစ္စကြီးဗျာ ကျွန်တော်ကောင်းကောင်းသုံးပါ့မယ် ကိုကြီးဟဲလေးခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ဂစ်တာလေး တစ်လက် လက်ဆောင်လာပေးတဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။
ဟဲလေးကတော့ အများကြီးအောင်မြင်ပါစေ ညီလေးရေ ဆိုတဲ့မှတ်ချက်လေးကိုရေးသားထားပြီး ပရိသတ်တွေကတော့ Live လွှင့်ပြီး ဂစ်တာတီး သီချင်းဆိုပြဖို့တောင်းဆိုနေကြတာလည်းတွေ့ရပါတယ် ။ ပရိသတ်ကြီးရေ သီဟအောင်လေးကတော့ ဟဲလေးပေးတဲ့ ဂစ်တာလေးကို အရမ်းကို သဘောကျနေတာပါတဲ့နော် ။
Source : Thiha Aung
Emily (Cele Gabar)