ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် တန်ခွန်ကျော်ကတော့ လတ်တလောမှာ ပရိသတ်တစ်ဦးကိုသွားရောက်တွေဆုံပြီး အားပေးစကားသွားရောက်ပြောကြားခဲ့ပါတယ်။တန်ခွန်ကျော်သွားရောက်တွေ့ဆုံခဲ့တဲ့ ပရိသတ်ကတော့ အူမကြီးကင်ဆာရောဂါဝေဒနာကို ခံစားနေရတဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ရောဂါဝေဒနာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
တန်ခွန်ကျော်ကတော့ ရောဂါဝေဒနာခံစားနေရတဲ့ ပရိသတ်ဆီကိုသွားရောက်အားပေးစကားပြောကြားခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အူမကြီးကင်ဆာဖြစ်နေတဲ့သူ အလိုချင်ဆုံးအရာက ဘာဖြစ်မလဲ? ” ခွန်အားရှိစေမယ့်စကားတစ်ခွန်းပါပဲ” ဆိုပြီး ရင်ထဲမကောင်းဖြစ်မိတာနဲ့ အခုလိုသွားရောက်အားပေးစကားပြောကြားပြီး တတ်နိုင်သလောက်အလှူငွေတွေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီးရေ တန်ခွန်ကျော်ကတော့ လူသားခြင်းစာနာထောက်ထားမှုတွေနဲ့အတူ ကျွန်တော်တို့အားလုံး ကိုယ်ချင်းစာစိတ်တွေနဲ့ မနက်ဖြန်တိုင်းကိုအသက်ဆက်ကြရအောင်နော် အားလုံးကျေးဇူးပါ လို့လာည်း လူသားချင်းစာနာမှုတွေ ကိုယ်ချင်းစာတရားတွေနဲ့ မနက်ဖြန်တိုင်းကို တန်ဖိုးရှိရှိ အသက်ဆက်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။
Chilli – CeleGabar
Source – TAN KHUN KYAW