(၇၃) နှစ်မြောက်အာဇာနည်နေ့မှာ သမိုင်းဝင်အဆောက်အဦးတွေအကြောင်း ရိုက်ကူးထားတဲ့ နေခြည်ဦးရဲ့ Vlogလေး

Posted on

ဘလော့ဂါအပြင် မင်းသမီးတစ်လက်အဖြစ်ပါ အနုပညာအလုပ်တွေလုပ်လာတဲ့နေခြည်ဦးကတော့ အခြားသောအရည်အချင်းတွေလည်း ပိုင်ဆိုင်ထားသူပါ။ နေခြည်ဦးကတော့ အလှအပနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အခြားသူတွေကို မျှဝေပေးနေသလို အခြားသောဗဟုသုတရစရာတွေကို ပရိသတ်တွေကို မျှဝေလေ့ရှိသူပါ။


အာဇာနည်နေ့မှာတော့ ဗဟုသုတရဖွယ်အကြောင်းအရာကို Vlog လေးတစ်ခုလုပ်ပြီးတင်ဆက်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း “(၇၃) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ရော ရန်ကုန်မြို့ရဲ့ ဂုဏ်ယူ တန်ဖိုးထားစရာ အဆောက်အဦတွေကို ပြောပြချင်တဲ့ အတွက်ရော နေခြည် ဒီ Vlog လေးကို ရိုက်ဖြစ်တယ်။နေခြည့်အတွက်ကတော့ ရောက်ခဲ့တဲ့ နေရာတိုင်းက Wow ဖြစ်စေခဲ့ပါတယ်။ တကယ်ကို နေခြည်တို့ မသိသေးတဲ့ နက်နဲတဲ့ သမိုင်းတွေ ရှိခဲ့ပါလားဆိုတာ သိခဲ့ရတယ်။ နေခြည်တို့ အများစု သိခဲ့တာက အပေါ်ယံလောက်ပဲဖြစ်ပြီးတော့ ဒါတွေရဲ့ နောက်ကွယ်မှာ လေးနက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ stories တွေရှိခဲ့ပါတယ်။ ဒါတွေကို အခုခေတ် လူငယ်တွေသာ သိမယ်ဆိုရင် ဒီလို အဆောက်အဦတွေ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပိုပိုပြီး တန်ဖိုးထားတတ်လာမယ်။ ပိုပြီးဂုဏ်ယူတတ်မယ်လို့ နေခြည်ထင်တယ်။” ဆိုပြီးတော့ ရေးသားမျှဝေခဲ့ပါတယ်။


ဒီ Vlog ထဲမှာတော့ ရန်ကုန်မြို့ရဲ့အထင်ကရအဆောက်အဦးတွေဖြစ်သလို သမိုင်းကြောင်းကြီးမားခဲ့တဲ့ ကိုလိုနီခေတ်ကနှစ်ပေါင်းရာချီနေတဲ့ အဆောက်အဦးတွေကို တစ်စုတစ်စည်းတည်း ရိုက်ကူးတင်ပြထားတာပါ။ မသိသေးတဲ့သူတွေအတွက်လည်း ဗဟုသုတများစွာရစေတာမို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်…

Source : NayChiOo