ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချောဇေရဲထက်ကတော့ ပရိသတ်တွေသိရှိထားတဲ့ အတိုင်း အလှူအတန်းတွေကို ရက်ရက်ရောရောနဲ့ အမြဲလိုလို လှူဒါန်းနေခဲ့တဲ့ သူတစ်ယောက်ပါ။ လတ်တလောမှာလည်း ဇေရဲထက်က သူ့ရဲ့ညီအစ်ကိုတွေ ချစ်ရတဲ့ ပရိသတ်တွေနဲ့ စုပေါင်းပြီး သောက်ရေကန်အလှူလေ လှူဒါန်းခဲ့ပါသေးတယ်။
ဇေရဲထက်ကတော့ အခုတစ်ခေါက်လှူဒါန်းတဲ့ ရေကန်အလှူသာမက မြတ်စွာဘုရား သုံးဘဝကျင်လည်ခဲ့တဲ့နေရာလေးဖြစ်သော ဖိုးဦးတောင်မှာလည်း သူ့ရဲ့ချစ်သူနဲ့ မတူ (၇)ရက်သားသမီးတွေအတွက် လှူဒါန်းတဲ့ ကျောင်းအလှူ၊ နှစ်ဖက်အဖိုးအဖွားတွေအတွက် ရည်စူးအမှူးထားပြီး ရှင်ပြု ရဟန်းခံအလှူ တို့ကိုလည်း ပြုလုပ်လှူဒါန်းထားခဲ့ပါသေးတယ်။
ဇေရဲထက်ကတော့ အသက် (၃၂)နှစ်အရွယ်သာရှိသေးပေမဲ့ လက်ရှိမှာ ရဟန်းဒါယကာ၊ ကျောင်းဒါယကာ၊ ရေကန်ဒါယကာ အနေနဲ့ အလှူအတန်းတွေ များစွာကို လှူဒါန်းထားနိုင်တဲ့ သူတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ Celegabar ပရိသတ်ကြီးရေ ဇေရဲထက်ကတော့ အခုလို အသက်အရွယ်မှာ ဒီလောက်အထိလှူဒါန်းမှုတွေပြုလုပ်ထားတာကတော့ သာဓုခေါ်ဆိုထိုက်လှပါပေတယ်။
Chilli – CeleGabar
Source – Zay Ye Htet