အသက် (၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သာသားလေး

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၂၀)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် နိုင်ငံလက်ရွေးစင် ဘောလုံးကစားသမား အောင်သူနဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့ရဲ့သာချောလေး သွင်ဦးဟန်ရဲ့ အသက် (၁)နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ် နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ သားသားလေးရဲ့မွေးနေ့လေးအတွက်ကို ဖေဖေအောင်သူနဲ့ မေမေ ပိုးအိအိခန့်တို့က ဗောဓိဓာတ်ပေါင်း စစ်ကိုင်ကျောင်းမှာ မဟာမြတ်ပဌာန်းပူဇော်ခြင်း၊ သိက္ခာထပ်မင်္ဂလာပြုခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း၊ သိမ်ဆင်းလောင်းခြင်း၊ ရသာမွန်ဒံပေါက်ဖြင့် ဆွမ်းကပ်လှူခြင်း တို့ကို ပြုလုပ်လှူဒါန်းခဲ့ပြီး မွေးနေ့အလှူပွဲလေးကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဖေဖေအောင်သူကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သားသားလေးရဲ့ မွေးနေ့လေးအတွက် မွေးနေ့ပွဲလေးကျင်းပပြုလုပ်ဖြစ်တာကြောင့် ဝမ်းသာဂုဏ်ယူမိနေကြောင်းနဲ့ သားသားလေးအတွက် မွေးနေ့ဆုတောင်းစကားဆိုထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း သာသားလေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦး။

Chilli – CeleGabar
Source – Poe Ei Ei Khant, Aung Thu

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x