ပရိသတ်တွေကို သတင်းကောင်းလေးမျှဝေလာတဲ့ အက်စတာ

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အက်စတာကတော့ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီး ပြီးသွားကတည်း ကအောင်မြင်တဲ့ အဆိုတော် တစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နိုင်အောင်ကြိုးစားနေတာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ အက်စတာရဲ့ ပရိတ်တွေကလည်း အက်စတာရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုဖို့ စောင့်ဆိုင်နေကြပါသေးတယ်။

သူ့ရဲ့ ကြိုးစားမှုတွေကို စောင့်စားနေတဲ့ ပရိတ်သတ်တွေအတွက် အက်စတာက သတင်းကောင်းလေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဒီနေ့မှာ မျှဝေဖော်ပြလာခဲ့ပါတယ်။ အဲ့ဒီသတင်းကောင်းလေးကတော့ မကြာခင်အချိန်မှာ အက်စတာရဲ့ ပထမဆုံး မြန်မာ Single song လေးထွက်ရှိလာတော့မယ့် သတင်းလေးပဲ ဖြစ်ပါတယ်။ အက်စတာကိုယ်တိုင်ကလည်း သူ့အတွက် ပထမဆုံး သီချင်းလေးဖြစ်တာကြောင့် ကိုယ်တိုင်လည်း ရင်တွေအရမ်းခုန်နေပါတယ်တဲ့။

အခုလို သီချင်းလေးထွက်ရှိလာဖို့ အကြာကြီးစောင့်ပေးကြတာကြောင့်လည်း အက်စတာက သူ့ရဲ့ပရိသတ်တွေကိုအရမ်းကျေးဇူးတင်ကြောင်းနဲ့ အကောင်းဆုံးကြိုးစားပါ့နေတဲ့အကြောင်းကိုလည်း ပြောထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ အက်စတာကတော့ သီချင်းလေးကို Online platform အားလုံးကနေပရိသတ်တွေ အားလုံး နားထောင်လို့ရအောင် စွမ်းဆောင်နေပါသေးတယ်။

Chilli – CeleGabar
Source – Esther DCS