ကလေးတွေကိုအချိန်ပေးရင်းမအားလပ်တဲ့ကြားက ပရိသတ်တွေအတွက်အမိုက်စားတွေ ဖန်တီးပေးခဲ့တဲ့ အိန္ဒြာကျော်ဇင်

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကြီးမင်းသမီးတွေထဲက တစ်ယောက်အပါဝင်ဖြစ်ပြီး အူဝဲလို့ ပရိသတ်တွေချစ်စနိုး ခေါ်ရတဲ့ အိန္ဒြာကျော်ဇင်ကတော့ အနုပညာအလုပ်တွေတစ်ဖက်နဲ့ ကလေး နှစ်ယောက် ကို အချိန်ပေးနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ခုတလော အူဝဲတစ်ယောက် ငြိမ်ချက်သားကောင်းနေလို့ ပရိသတ်တွေက သူမရဲ့ ပရိသတ်တွေက ပုံတွေတင်ပါဦးလို့ တောင်းဆိုနေကြတာပါ ။

ဒီနေ့မှာတော့ အူဝဲက ဟိတ်! ယူ တို့ကို အိုင် ခေါင်းထဲမှာရှိတယ်နော် မနေ့က ကလေးတွေစက်ဘီးစီးတာကို လိုက်ပို့ရင်းနဲ့ ပုံလေးတွေ တဖြတ်တစ်ကဒ် ပြီးတော့ Central မှာ ပေါင်မုန့်ဝင်ဝယ်ရင်းနဲ့ background လှတဲ့နေရာလေးမှာ ဖန်လုံးလေးတွေအတွက် snap လေးတဖြတ် ဆိုတဲ့ စာသားလေးနဲ့အတူ ခုချိန်ထိ နုပျိုလှပနေဆဲဖြစ်တဲ့ သူမရဲ့ အလန်းစားပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

သူမရဲ့ ချစ်စဖွယ် အမိုက်စားပုံရိပ်လေးတွေကိုတော့ မေတိုးခိုင် က ရိုက်ကူးပေးထားတာဖြစ်ပြီး သူမရဲ့ ပုံလေးတွေက ပရိသတ်တွေကအရမ်းကိုချစ်နေကြတာပါ ။ ပရိသတ်တွေအတွက် ပုံတင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကြည့်ရှုသူ သောင်းချီခဲ့တာဖြစ်ပါတယ် ။ အူဝဲရဲ့ Cele Gabar ပရိသတ်ကြီးအတွက် အူဝဲရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Eaindra Kyaw Zin
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x