ဦးမန်းဝင်းအတွက်ရည်စူးပြီး အောင်သော်ရဲ့ GMW ကယ်ဆယ်ရေးအသင်းမှာ လှူဒါန်းပေးခဲ့တဲ့ ကျန်ရစ်သူမိသားစု

Posted on

မကြာသေးခင်က လူ့လောကထွက်ခွာသွားပြီဖြစ်တဲ့ လူရွှင်တော်ကြီးဦးမန်းဝင်းကတော့ မိသားစုအတွက်သာမက ပရိသတ်တွေအတွက်ပါ တာဝန်ကျေခဲ့သူတစ်ယောက်ပါ။ ကျန်းမာရေးအခြေအနေဆိုးဆိုးရွားရွားခံစားခဲ့ရပြီး အသက်(၇၈) နှစ်မှာ ဘဝတစ်ပါးကူးပြောင်းသွားတဲ့ဦးမန်းဝင်းအတွက် ပရိသတ်တွေလည်း များစွာစိတ်မကောင်းဖြစ်ခဲ့ရမှာပါ။ ဦးမန်းဝင်းအတွက် ရည်စူးပြီး ကျန်ရစ်သူမိသားစုဝင်တွေက အလှူအတန်းဆက်တိုက်ပြုလုပ်ပေးနေသလို ဒီနေ့မှာလည်း GMW ကယ်ဆယ်ရေးအသင်းမှာ အလှူလေးပြုလုပ်ပေးခဲ့ပါတယ်။

လူရွှင်တော်အောင်သော်ဦးစီးတည်ထောင်ထားတဲ့ GMW လူမှုကယ်ဆယ်ရေးအသင်းမှာ (၁) Wheel Chair-၁၉၀၀၀၀ကျပ် (၂)ချွဲစုပ်စက် – ၁၇၀၀၀၀ ကျပ် (၃)ချွဲပျော်စက် -၆၀၀၀၀ ကျပ် (၄)အလှူငွေ – ၂၀၀၀၀၀ ကျပ် (၅)Oximeter. -၆၅၀၀၀ ကျပ် စုစုပေါင်းတန်ဖိုး ခြောက်သိန်းရှစ်သောင်းငါးထောင်ကျပ်တိတိကို ကွန်လွန်သူ ဦးမန်းဝင်းအတွက် လှူဒါန်ပေးခဲ့ကြောင်း အောင်သော်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

အောင်သော်ကတော့ ကိုဗစ်ကပ်ရောဂါစတင်ကတည်းက သူ့ရဲ့ GMW အဖွဲ့နဲ့အတူ ဆေးဖြန်းခြင်း နဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ ဆက်တိုက်ကူညီနေသူပါ။ အခုလို ကွယ်လွန်သူဦးမန်းဝင်းအတွက် ရည်စူးပြီး Covid ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် လာရောက်လှူဒါန်းပေးခဲ့တဲ့အပေါ်မှာ ကျေးဇူးအထူးတင်ရှိကြောင်း ဦးမန်းဝင်းအတွက် ကျန်ရစ်သူမိသားစုပြုလုပ်ပေးခဲ့တဲ့အလှူလေးကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်ပရိသတ်ကြီးရေ…


Source – Aung Thaw
Rainbow- Cele Gabar