ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ပိုပိုကတော့ ဒီနေ့မှာ ဝါဆိုသင်္ကန်းကပ်လှူတဲ့ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ပိုပိုကတော့ မြန်မာမိန်းကလေးတစ်ယောက်ပီပီ ဘုရားတရားကိုင်ရှိုင်းပြီး လူကြီးမိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာလှတဲ့ အမျိုးကောင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။
သံဃာတော်တွေကို တန်းဆွမ်းလောင်းလှူတဲ့ အလှူလေးကိုလည်း နံနက်တိုင်းနီးပါး ကပ်လှူလေ့ရှိပြီး ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လူအားငွေအားနဲ့ တတ်စွမ်းသလောက်လှူဒါန်းနေပါသေးတယ်။ ဒီနေ့မှာလည်း ပိုပိုက ဗန်းမော်ဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမျှော်ခဲ့ပြီး ဝါတွင်းကာလဖြစ်တာကြောင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့တာပဲဖြစ်ပါတယ်။
ပိုပိုရဲ့ အလှူအတန်းတွေနဲ့ ပတ်သက်လာရင် လက်မတွန့်စတမ်းလှူဒါန်းတတ်တဲ့ စိတ်ဓာတ်လေ ကတော့ တကယ်ကိုပဲ သာဓုခေါ်ဆိုချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲ။ CeleGabar ပရိသတ်ကြီးတွေလည်း ပိုပိုရဲ့ အလှူလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ ထပ်တူထပ်မျှကုသိုလ်ရအောင် သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။
Chilli – CeleGabar
Source – ပိုပို