ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် တန်ခွန်ကျော်ကတော့ မနေ့က ဇူလိုင်လ (၂၀)ရက်နေ့မှာ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။ အလှူလေးကတော့ သူ့ရဲ့အမာခံပရိသတ်တွေဖြစ်တဲ့ တန်ဂိုလေးတွေနဲ့ အတူတူ ပြုလုပ်ခဲ့တဲ့ အလှူလေးဖြစ်ပြီး စဉ့်ကိုင်မြို့နယ်မှာရှိတဲ့ YGW မိဘမဲ့ကလေးကျောင်းမှာပြုလုပ်ခဲ့တာပါ။
တန်ခွန်ကျော်ကတော့ တန်ဂိုလေးတွေနဲ့ အတူတူ အလှူလေးတွေကို တောက်လျှောက်ဆိုသလို ပြုလုပ်နေခဲ့တာဖြစ်ပြီး အခုတစ်ခေါက် စဉ့်ကိုင်မြို့နယ်မှာရှိတဲ့ YGW မိဘမဲ့ကလေးကျောင်းမှာ ပြုလုပ်တဲ့ အလှူလေးကတော့ (၉)ကြိမ်မြောက်ပြုလုပ်တဲ့ အလှူလေးပဲဖြစ်ပါတယ်။ YGW မိဘမဲ့ကလေးကျောင်းမှာ စာရေးခုံ (၃၀)၊ အထည် (၁၇၀)၊ ဖရဲသီ အလုံး (၅၀)တို့ကို လှူဒါန်းပေးခဲ့တာပါ။
တန်ခွန်ကျော်က အခုလို အလှူလေးဖြစ်မြောက်အောင် ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကို ကျန်းမာချမ်းသာစေဖို့ကိုလည်း ဆုမွန်ကောင်းတောင်ပေးထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ တန်ခွန်ကျော်နဲ့ သူ့ရဲ့ပရိသတ်တွေဖြစ်တဲ့ တန်ဂိုလေးတို့ အတူတူလှူဒါန်းတဲ့ အလှူလေး အတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Chilli – CeleGabar
Source – TAN KHUN KYAW