ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် စမိုင်းလ်ကတော့ ဒီနေ့မှာ သူနဲ့ အတူတူ ကုသိုလ်ရေးတွေပြုလုပ်ဖို့ ပရိသတ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။ စမိုင်းလ်ကတော့ ကိုယ်တိုင်လည်း ဘုရားတရားကိုင်းရှိုင်းတဲ့ သူတစ်ယောက်ဖြစ်သလို ပရိသတ်တွေကိုလည်း သူ့နဲ့ အတူတူ ကုသိုလ်ရေးတွေအတူတကွပြုလုပ်ဖို့ အမြဲတမ်းဖိတ်ခေါ်လေ့ရှိတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။
ကုသိုလ်ရေးတွေအတူတကွပြုလုပ်ဖို့ ဖိတ်ခေါ်လေ့ရှိတဲ့အပြင် လိုအပ်တာတွေကိုပါ စီစဉ်ဆောင်ရွက်တဲ့ အထိကို ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် အင်တိုက်အားတိုက် လုပ်ဆောင်ပေးလေ့ရှိပါသေးတယ်။ ဒီနေ့မှာလည်း စမိုင်းလ်က ပရိသတ်တွေကို ဝါတွင်းကာလမှာအတူတူ အဓိဋ္ဌာန်ဝင်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပြန်တာပဲဖြစ်ပါတယ်။ စမိုင်းလ်က ဝါတွင်းလုပ်မဲ့အဓိဋ္ဌာန်နဲ့ဘုရားရှိခိုးပုတီးစိတ်လေးတွေကို Sharing လုပ်ပေးမှာဖြစ်ပြီး
ပါဝင်မယ့် ပရိသတ်တွေကတော့ တူတူဘုရားရှစ်ခိုးအဓိဋ္ဌာန်ဝင်ရမှာပဲဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ဒီဝါတွင်းကာလမှာ သက်သက်လွတ်ပါစားမှာပါတဲ့။ CeleGabar ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ ဝါတွင်းကာလမှာ သူ့ရဲ့ပရိသတ်တွေကို ကုသိုလ်ရေးတွေအတူတူလုပ်ဖို့ ဖိတ်ခေါ်နေပါပြီနော်။
Chilli – CeleGabar
Source – စမိုင်းလ် Smile