MRTV-4 ကထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေ ကတော့ ပရိသတ်တွေတော်တော်လေး အကြိုက်တွေ့နေကြတယ်လို့ ဆိုရမှာပါ ။ လတ်တလောမှာတော့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမယ့် ရုပ်သံဇာတ်လမ်းတွဲအသစ်ကို မကြာမီ ထုတ်လွှင့်ပြသပေးသွားတော့မှာ ဖြစ်တယ်လို့သိရပါတယ် ။ ရုပ်သံဇာတ်လမ်းတွဲရဲ့ နာမည်လေးကတော့ ❝ တို့မမနဲ့…..တို့ ❞ ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။
ဒီဇာတ်လမ်းလေးကရော ပရိသတ်ရဲ့အားပေးမှုတွေကို ဘယ်လိုမျိုးဖမ်းစားသွားဦးမှာလဲ ဆိုတာကတော့ ရင်ခုန်စရာပါပဲနော် ။ဒီဇာတ်လမ်းတွဲလေးမှာ မြတ်သူသူနဲ့ ဟိန်းမင်း ၊ ရှင်မင်းဆက် ၊ စိုပြည်မြင့် နဲ့ မိုးသူရတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး တခြားအနုပညာရှင်တွေလည်းအများအပြား ပါဝင်ပါတယ် ။ ❝ တို့မမနဲ့…..တို့ ❞ ဇာတ်လမ်းတွဲကို (၃၁.၀၇.၂၀၂၀ ) ရက် ၊ သောကြာနေ့ ည(၇)နာရီ အချိန်မှာ MRTV-4 ရုပ်သံလိုင်းမှာ စောင့်မျှော်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ် ။
နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်တဲ့ လှမျိုးသင်ဇာနွယ် ၊ မျိုးစန္ဒီကျော် နဲ့ ညီနန္ဒတို့လည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။ ဒီဇာတ်လမ်းက ပရိသတ်ကြီးကို ဘယ်လိုဆွဲဆောင်ပြီး ဖမ်းစားဦးမလဲ ဆိုတာကတော့ ဇူလိုင်လကုန်မှာ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော် ။
Source : MRTV-4
Emily (Cele Gabar)