တစ်ချိန်တုန်းက အောင်မြင်တဲ့မင်းသမီးတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့ မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူးလေးနဲ့ လှအဉ္ဇလီတင့်ကိုတော့ ပရိသတ်တွေအမှတ်ရနေကြမှာပါနော်။ အနုပညာလောကနဲ့ အလှမ်းဝေးနေခဲ့တာ ကြာနေပြီဖြစ်တဲ့အပြင် ပရိသတ်ရှေ့ကပျောက်နေခဲ့တာမို့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ လှအဉ္ဇလီတင့်တစ်ယောက် ဘာတွေလုပ်နေသလဲ သိချင်နေကြမှာအမှန်ပါ။
လှအဉ္ဇလီတင့်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တနေ့တာအကြောင်းအရာနဲ့ အလှူအတန်းပုံရိပ်လေးတွေ မျှဝေလေ့ရှိသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေမလုပ်ဘဲ ဘာတွေလုပ်နေသလဲ သိချင်နေကြမယ့်ပရိသတ်ကြီးအတွက် လတ်တလောသူ့ရဲ့ဘဝရပ်တည်မှုပုံစံကို မျှဝေခဲ့ပါတယ်။ ” FB. က Fri တွေ တချို့ မိတ်ဆွေတွေ က ကျမ ဘာတွေ ရောင်းတယ် ဘာလုပ်တယ် မသိကြတော့ အလင်း ပြပါတယ်… ရွှေအဉ္ဇလီ ရဲ့ ရွှေစိတ်ပျော်သုပ် ဆိုပြီး ကျမ ကိုယ်တိုင် ကိုယ်ပိုင် အမည်ပေးပြီး လွန်ခဲ့ တဲ့ နှစ်နှစ်ကျော်က စ ပြီး ဒီ လုပ်ငန်းကို လုပ်ခဲ့ တာပါ.. အရသာ ချဉ်ငံစပ် ထိမိတဲ့ အရသာလေး ပါ… ကြာရှည်ခံမပါ ပါ နေ့စဉ် သန့်ရှင်း လတ်ဆတ်စွာ လုပ်ရောင်း ပေးပါတယ်…. Fb ကနေ. Online shop only ဘဲရောင်းပေးပါတယ်….. တချို့နယ်တွေက ကျမ ဆီက နေတိုက်ရိုက်ယူရောင်းကြပါတယ်…. အဝေး နိုင်ငံခြားတွေ ထိလည်း သယ်ပြီး အားပေးကြပါတယ်…
ကျမ ကိုသရုပ်ဆောင်လုပ်ကတည်းက ချစ်ခင်အားပေးကြသော ပရိသတ်များ အားလုံးရယ် ကျမကို သိသော Fb fri များရှင့်…. ကျွန်မလက်ရာနဲ့ ကျွန်မ ဦးစီးပြီး လုပ်တဲ့ လုပ်ငန်း ကို ပါ .. ချစ်ခင်စွာ အားပေး နိုင်ပါတယ်”ဆိုပြီး သိချင်နေကြတဲ့ ပရိသတ်ကြီးအတွက် အလင်းပြခဲ့ပါတယ်။ ပရိသတ်ကြီးရေ လှအဉ္ဇလီတင့်ကတော့ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ဘဲ ရွှေအဉ္ဇလီစားသောက်ကုန်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတာမို့ ချစ်ခင်ကြတဲ့ပရိသတ်ကြီး ဝယ်ယူအားပေးနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source – Hla Inzali Tint
Rainbow- Cele Gabar