ဂျီဟောသူ ဇာတ်လမ်းတွဲထဲက ခင်ချိုနဲ့ လင်းညိုအတွဲလေးကချစ်စရာအကောင်းဆုံးလို့ပြောနေတဲ့ပရိသတ်တွေကြောင့် အားရှိတယ်ဆိုတဲ့ ရှင်မွေလ

လတ်တလော ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ ဂျီဟောသူ ဇာတ်လမ်းတွဲလေးက တော့ ဆရာမ မစန္ဒာရဲ့ ဂျီဟောသူ ဝတ္ထုကို ပြန်လည်အသက်သွင်းရိုက်ကူးသထားတာပဲဖြစ်ပါတယ် ။ တက္ကသိုလ် ကျောင်းသားဘ၀ ရဲ့ သူငယ်ချင်း သံယောဇဉ် နဲ့ အချစ်ဇာတ်လမ်းတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြတာပါ ။

ဒီဇာတ်လမ်းတွဲထဲက အနေအေးတဲ့ ဗိသုကာ မေဂျာက ခင်ချိုအဖြစ် ဂရိတ်ချမ်းက နဲ့ ဗိသုကာ မေဂျာက လင်းညို ဆိုတဲ့ အစနောက်သန်တဲ့ ကောင်လေး အဖြစ် ရှင်မွေလတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။ လတ်တလောမှာတော့ ဂျီဟောသူ ဇာတ်လမ်းတွဲကို အားပေးနေကြတဲ့ ပရိသတ်တွေဆီက ဂျီဟောသူ ဇာတ်လမ်းတွဲထဲက ခင်ချိုနဲ့ လင်းညိုအတွဲလေးကချစ်စရာအကောင်းဆုံးလို့ မှတ်ချက်လေးတွေရေးသားထားကြတဲ့အတွက် ရှင်မွေလက ပီတိဖြစ်ရတယ်လို့ သူ့ရဲ့မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

မတည့်အတူနေ အမြဲ ရန်တကျက်ကျက် ဖြစ်နေတဲ့ လင်းညို နဲ့ ခင်ချို တို့ရဲ့ ကာရိုက်ကာတွေကတော့ သူတို့နှစ်ယောက်နဲ့ အရမ်းကိုလိုက်ဖက်ညီပြီး အတွဲညီလွန်းလို့ ပရိသတ်တွေက ချီးကျူးမဆုံးဖြစ်နေကြတာပါ ။ Cele Gabar ပရိသတ်ကြီးရေ လင်းညိုနဲ့ ခင်ချိုကို ချစ်ကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Shin Mwae La
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x